သဗ်လီဂ်အဖွဲ့သည်
=============
လိုင်းကြောင်အဖွဲ့ဖြစ်တော့မည်ဟု မွတ်ဖ်သီ
=============================
စအီဒ်အဟ်မဒ် ပါလမ်ပူရီ သတိပေး
=======================
ဒါရွလ်အိုလူမ် ဒေယိုဗန်ဒ်၏ ရှိုင်ခွလ်ဟဒီဆ် ဟဇရသ် မောင်လာနာ မွတ်ဖ်သီ စအီဒ်အဟ်မဒ် ပါလမ်ပူရီဆဗ် (ဒါမသ်ဗရကာသို့ဟွန်မ်) သည် သဗ်လီဂ်အဖွဲ့၏ လမ်းလွဲမှုနှင့် ပတ်သက်၍ မိန့်သည်မှာ -
" သဗ်လီဂ်အဖွဲ့၌ ပေါ်ပေါက်လာပြီဖြစ်သော တလွဲသဘောပေါက်မှုမှာ - ငါတို့သာလျှင် သာသနာ့အလုပ် လုပ်နေကြပြီး ``ကိုယ်တော်မြတ်နှင့် ဆွဟာဗဟ်များ လုပ်သောအလုပ်ကို လုပ်နေကြသည်´´ ဟူ၍ ဖြစ်သည် ... ဤသူတို့သည် လွဲမှားသော စကားကို ဆိုနေကြသည် ... ထို လွဲမှားသော အပြော၏ရလဒ်သည် အဘယ်အရာ ဖြစ်မည်နည်း ... ?
အကယ်၍သာ ၎င်းတို့ကို ပြုပြင်မှု မပြုပါက အလျင်အမြန်ပင် သဗ်လီဂ်သမားတို့သည် မွတ်စ်လင်မ်တို့၏ သီခြား ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သွားပေတော့မည် ... ။
ယင်းနေ့ဆိုးကို ကျွန်ုပ်မြင်ယောင်မိသည် ၊ ယင်းနေ့ဆိုးကို ကျွန်ုပ်မြင်ယောင်နေမိသည် ... အကယ်၍သာ ၎င်းတို့၏ အကျင့်စရိုက်များ မှန်ကန်မှုမရှိပါက အလျင်အမြန်ပင် သဗ်လီဂ်သမားတို့သည် မွတ်စ်လင်မ်တို့၏ သီခြား ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သွားပေတော့မည် ... ။
ကျွန်ုပ်တို့သည် မိမိတို့၏ ကလောင်ဖြင့် ``ဤအဖွဲ့သည် လမ်းမှားနေသော (လိုင်းကြောင်) အဖွဲ့ဖြစ်သည်´´ ဟု ရေးရပေတော့မည် ... ။ "
(၂၀၀၈ ၊ ဖေဖဝါရီ ၁၆ ၊ ဟင်ဒွတ်စ်သာန် ၊ ဗန်ဂလိုရ်)
.
သျှားဝဏ္ဏ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ကူးယူဖော်ပြသည်။
Wednesday, September 7, 2016
သဗ်လီဂ်အဖွဲ့သည်လိုင်းကြောင်အဖွဲ့ဖြစ်တော့မည်ဟု မွတ်ဖ်သီစအီဒ်အဟ်မဒ်ပါလမ်ပူရီ သတိပေး
Saturday, September 3, 2016
လူငယ်အိမ်ထောင်သည်ဘဝ
လူငယ်အိမ်ထောင်သည်ဘဝ
===================
မိမိနေကာဟ်ဖြင့် ရရှိထားသောဇနီးသည် အသားမည်းကောင်းမည်းမည်။ ဒီးန်ရှိလျှင် ထိုဇနီးသည် လှ၏။ ရုပ်ရည်ချောမောလှပ၍ ဒီးန်မရှိသောဇနီးထက် အဆပေါင်းသိန်းသန်းမက လှပနေမည်ဟု ယုံကြည်ပါလေ…။
ဇနီးသည်အား ဒီးန်နှင့်ပတ်သက်၍ လွတ်လပ်မှုမပေးရပါ။ ခင်ပွန်းမှ အမြဲတန်း ကြပ်မတ်ကွတ်ကဲပေးရမည်။ လွတ်လပ်မှုရလျှင် ထိုဇနီးသည် ပရမ်းပတာဖြစ်သွားမည်။
လူငယ်ဘဝ အိမ်ထောင်သည်တစ်ဦးအနေဖြင့် အချိန်တန်အိမ်ပြန်သင့်သည်။ အပြင်မှာ အချိန်မဖြုန်းသင့်၊ အပျော်မရှာသင့်၊ ဇနီးကိုသာလျှင် စုံမက်မြတ်နိုးနေရမည်။
ကိုယ့်လင်မယားချင်း နားလည်တတ်ရမည်။ စိတ်သဘောချင်းတိုက်ဆိုင်အောင် ကြိုးစားရမည်။ အပြန်အလှန် ယုံကြည်မှုရှိရမည်။ ကိုယ့်လင်မယားကိစ္စကို အပြင်လူမသိစေနှင့်။ (မျက်နှာပျက် သိက္ခာကျရမည့်အဖြစ်မျိုး ကြုံတတ်၏။)
သာမာန် မဖြစ်စလောက် မမုန်းလောက်သည်ကို ရေးကြီးခွင်ကျယ်လုပ်၍ အပြစ်ကြီးဟု မယူမှတ်လေနှင့်။ ဇနီးသည်၌ အကျင့်ပျက်များ ဝင်လာသည်ရှိသော် ပြင်းပြင်းထန်ထန် ဟန့်တားပြုပြင်ပေးရမည်။ ကိုယ်တိုင်လည်း သူစိမ်းမိန်းမတို့နှင့် အရောမဝင်အပ်။ မတ်နှင့် ခဲအိုတို့သည် ဇနီးတစ်ယောက်အဖို့ မော့သ် (သေမင်း) ပင်ဖြစ်၏။ သာသနာ့စည်းကမ်း ဖော်ညွှန်းချက်ကို ဇနီးသည် လိုက်နာကျင့်သုံးရမည်။
လင်မယားတိုင်ပင်ဆွေးနွေးရ၏။ ခင်ပွန်း၏ ဆုံးဖြတ်မှုဖြစ်စေရမည်။ ဇနီးကောင်းဖြစ်ဖို့ လင်သားမှာ တာဝန်ရှိ၏။ ပြေလည်သိမ်မွေ့သောအပြောအဆိုတို့ဖြင့် ပြုပြင်ထိန်းသိမ်းလျှက် လှပသောအိမ်ထောင်သည်ဘဝကို ထူထောင်နိုင်ရမည်။ ဤသည်မှာ မယား၏ကျွန်ဖြစ်ခြင်းမဟုတ်။ အလ္လာဟ်နှစ်သက်သော ယောက်ျားကောင်းတစ်ယောက်၏ အရည်အချင်းပင်ဖြစ်သည်။
အိမ်ထောင်ဖက်ရွေးနည်း
တစ်သက်တာလုံးအတွက် ဘဝကြင်ဖော်ရွေးရသည့်ကိစ္စသည် ခက်ခဲလှ၏။ အလွယ်တကူ မလုပ်သင့်ပေ။ စဉ်းစားချင့်ချိန်ရမည်။ သတ္တိနည်းလွန်းပြန်လျှင်လည်း အဆိပ်အတောက်ဖြစ်တတ်၏။ ဘယ်လိုရွေးကြမလဲ? "ရတာမလို လိုတာမရ" အဖြစ်မျိုးလည်း ကြုံတတ်၏။ ပြီးပြီးရော ကမန်းကတန်းစီစဉ်ကြပြန်လျှင်လည်း "စလယ်ဝင်ဖင်မမည်းခင်ကတည်းကကွဲ" ဖြစ်တတ်ပြန်၏။ သလားက် (ယောက်ျားလေး) ဖက်မှ ကွာရှင်းခြင်း၊ ခုလအ် (မိန်းကလေးဖက်မှ ကွာရှင်းခွင့်တောင်းခံခြင်း) များဖြစ်တတ်၏။ သည်တော့… အကောင်းဆုံးဖြစ်အောင် ဘယ်လိုရွေးကြမလဲ…?
ပထမ… အလ္လာဟ်အရှင်မြတ်ထံတောင်းခံရမည်။ ဆွလာသွလ်ဟာဂျသ် နမာဇ်ဖတ်ရမည်။ ရို့ကျိုးစွာ အကြိမ်ကြိမ်တောင်းခံရမည်။
ဒုတိယ… အထင်အမြင် ဆင်ခြင်စဉ်းစားရန်ကို အလ္လာဟ်ထံမှာပဲ မျှော်လင့်ယုံကြည်စွာ တောင်းခံပါ။ အင်န်ရှာအလ္လာ မုချမလွဲမသွေ အိမ်ထောင်ဖက်ကောင်းရမည်ဟု ယုံကြည်ချက်ဖြင့် ဆက်ဆက်တောင်းခံပါ။
တတိယ… ဒီးန်သာသနာ လေးစားလိုက်နာသော၊ အမြော်အမြင်ရှိသော၊ ဝါရင့်အတွေ့အကြုံရှိသော အမာနသ်ကို ဖုံးကွယ်တတ်သောသူ တစ်ဦးဦးထံ၌ အကြံယူ အကူအညီတောင်းခံပါ။
စတုတ္ထ… အိစ်သိခါရဟ် (အလ္လာဟ်ထံ အကြံဥာဏ်တောင်းခံခြင်း) ပြုလုပ်ရမည်။ အလ္လာဟ်အကူအညီ ရယူမှုပြုရမည်။ တစ်ရက် တစ်ကြိမ်ကျ၊ ခုနှစ်ရက်တိုင်တိုင် ပြုကျင့်ခွင့်ရှိသည်။ အင်န်ရှာအလ္လာဟ် စိတ်နှလုံးသား၌ ထင်ရှားပီပြင် မြင်နိုင်ပေသည်။ မုချမလွဲမသွေ အလ္လာဟ်သည် ကူညီတော်မူသော အရှင်ဖြစ်၏။
ဖေါ်ပြပါ လေးချက်ဖြင့် အိမ်ထောင်ဖက်ကို ရွေးချယ်ကျေနပ်နိုင်ကြပါစေ။ (ဖေါ်ပြပါ အကြံပြုချက်သည် ကျား/မ မရွေးကျင့်သုံးရန်ဖြစ်သည်။)
မိန်းကလေး၏ အရည်အချင်း
(၁) ဒီးန်သာသနာ လေးစားလိုက်နာသူ ဖြစ်ရမည်။ သို့မှာသာ ဂုဏ်ယူမြတ်နိုးစရာကောင်းသော သားသမီးရတနာများ ထွန်းကားမည်။ လင်မယားဘဝ တည်တံ့ခိုင်မြဲ ကြည်နူးရမည်။
(၂) ဆွေဂုဏ်မျိုးဂုဏ် ရှိရမည်။ အကျင့်သီလကောင်းခြင်းကို ဆိုလိုသည်။ မွေးဖွားကြီးပြင်းရာ ဘဝပတ်ဝန်းကျင်သည်လည်း ဒီးန်သာသနာကို လေးစားလိုက်နာသည့် အသိုက်အဝန်းဖြစ်ရမည်။ မြေကောင်းမှ အသီးအပွင့်ကောင်းမည်။ မျိုးစေ့မှန်မှ အပင်သန်မည်။ ဘယ်ကျောင်းထွက်လည်း ဆိုသည်ထက် ဘယ်အိမ်ထောင်စုကလည်းဆိုသည်ကို အလေးထားလေ့လာရမည်။ ယင်း၏မိဘများ အချင်းချင်းဆက်ဆံရေးကို လေ့လာရမည်။ ဒီးန်သာသနာရေးလေးစားလိုက်နာမှုကို လေ့လာရမည်။ ဆွေမျိုးဝန်းကျင်ကို လေ့လာရမည်။
ရွေးချယ်ပုံ
ချောမောလှပခြင်းရုပ်ရည်ကို မျက်စေ့ဖြင့်လေ့လာကြည့်ခြင်းကို သာသနာက ခွင့်ပြုသည်။ ကြည့်ပြီးနောက် သာမာန်ချွတ်ယွင်းချက်မျှဖြင့် ပယ်ချခြင်းကို မပြုသင့်။ သမီးရှင်များကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့်ပါဝင်ပတ်သက်သူတို့ထံမှ ဦးဆုံးလေ့လာသတင်းယူသင့်သည်။ ကျေနပ်လောက်မှ ကြည့်သင့်၏။ ကြည့်ပြီးနောက် ကျေနပ်သဘောတူသင့်ပေသည်။ အကြောင့်မဲ့သက်သက် မပယ်သင့်။(သို့သော်ပယ်ချခွင့်တော့ရှိသည်။)
မင်္ဂလာဦးည
မင်္ဂလာဦးညသည် အရာရာတိုင်းအတွက် အဓိကအကျဆုံး ညမင်္ဂလာဖြစ်သည်။ ဒီးန်သည် အရေးအကြီးဆုံးဖြစ်သည်။ "ရှင်မရေ… ဒီနေ့နေကာမှာ ရှင်မအလွန်လှပါတယ်။ ကိုယ့်ဘက်က ပြောမှားဆိုမှား၊ တစုံတရာ မကျေနပ်စရာများတွေ့ခဲ့လျှင်သည်းခံခွင့်လွှတ်ပါ။ ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ ကိုယ့်အမေ၊ အစ်မ၊ မရီးတို့ကို သည်းခံခွင့်လွှတ်ပါ။ အာခိရသ်မှာ ရှင်မအစားရပါလိမ့်မယ်။" စသဖြင့် ချိုသာစွာပြောဆိုလျှက် အလျှင်ဦးဆုံး နားလည်မှု ယူသင့်ပေသည်။ ကိုယ့်ဘက်ကိုလည်း ပြေလည်စွာဆက်ဆံရန် ကြိုတင်ညှိနှိုင်းမှာကြားတောင်းပန်ထားသင့်၏။
(မင်္ဂလာဦးဇနီးမောင်နှံ၏ မင်္ဂလာည၌ ထားရမည့်နိယသ်၊ တောင်းရမည့်ဒိုအာ တို့ကို လေ့လာကျက်မှတ် လိုက်နာကျင့်သုံးရပေမည်။)
ယောက္ခမ နှင့် ချွေးမ သင့်မြတ်နည်း
ခင်ပွန်းဖြစ်သူသည် ဇနီးသည်မှ တဆင့် တခါတရံ သင့်မြတ်သည့်လက်ဆောင်ကို ပေးအပ်စေသင့်သည်။ ထိုနည်းအတိုင်းပင် ဇနီးသည်၏ မိဘမောင်နှမများထံသို့လည်း ပြုမူဆောင်ရွက်သင့်သည်။ ဆုမွန်ဒုအာရစရာပင်ဖြစ်သည်။
အခြားသော သင့်မြတ်စေသည့် နည်းများစွာရှိပါသည်။ အထူးသဖြင့် ငြင်းခုံခြင်းကို ရှောင်ရမည်။ ပြုံးရွှင်ချိုသာစွာ ဆက်ဆံရမည်။ တစ်ဖက်သားကို ဦးစားပေးဆက်ဆံသင့်သည်။ အေစ်က်ရာမ်ပင်ဖြစ်သည်။
ဇနီးအားတားမြစ်ရန်မလိုအပ်သည်များ
ဇနီးသည် အကီဒဟ်ခံယူချက်ကောင်း၏။ ဗစ်ဒ်အသ် (သာသနာ၌မရှိသည့်အရာကို ကျင့်သုံးခြင်း) မှ ကင်းစင်သည်။ မှားယွင်းမှု အစဉ်အလာများသို့ လမ်းမပြမိပါစေနှင့်။
ဤသို့ပင် ဇနီးဖြစ်သူက ပရ်ဒါ (အကာအကွယ်) သတ်မှတ်ချက်ကို စောင့်စည်း၏။ ပရ်ဒါကင်းမဲ့သူ၊ ဒီးန်ကို မလေးစားသူတို့နှင့် အရောတဝင်မရှိပါစေနှင့်။ ရှရီအသ်နှင့် ဆန့်ကျင်သည့်အသိုင်းအဝိုင်းသို့ မပို့ဆောင်လေနှင့်။ မိမိတို့ဇနီးမောင်နှံမလာလျှင် စိတ်ဆိုးနေမှာပဲဟု အားနာစိတ်ဖြစ်မသွားလေနှင့်။
ထို့ကြောင့် ဒီးန်သာသနာတော်၌ရှိနေသော ဇနီးသည်၏ ကောင်းသောပြုမူကျင့်ဆောက်တည်မှုများကို ခင်ပွန်းသည် မတားရ၊ မဖျက်ရချေ…။
ဇနီး ဒီးန်လေးစားရန် ခင်ပွန်းဦးဆောင်
ဒီးန်နှင့်ပတ်သက်၍ ကိုယ့်ဇနီးချွတ်ချော်နေသည်ကိုတွေ့လျှင် မဆူမဆဲ၊ မလှောင်မပြောင်လေနှင့်။ ယဉ်ကျေးစွာ ပဲ့ပြင်သွန်သင်ဆုံးမသင့်သည်။ ဦးစွာပထမ စစ်မှန်သောအာလင်မ်သာသနာ့ပညာရှင်များထံ ပညတ်ချက်အမှန်ကို မေးမြန်းလေ့လာဆည်းပူးသင်ယူသင့်သည်။
ခင်ပွန်းဖြစ်သူသည် အလ္လာဟ့်လမ်းတွင် သုံးကျိလ္လာခေါ် လေးလအချိန်ပေးသင်ယူခဲ့သော်လည်း ဇနီးဖြစ်သူခမျာ တစ်ရက်တစ်လေမျှပင် ထိုပတ်ဝန်းကျင်မျိုးရဖူးသည်မဟုတ်ပေ။ ခင်ပွန်းသည် ဟရာမ်၊ ဟလာလ် ခွဲခြားသိနားလည်ထားသော်လည်း ဇနီးခမျာ သိရှာသေးမည်မဟုတ်ပါ။ ကိုယ့်ကို သူတစ်ပါးက နားလည်အောင် စိတ်ရှည်ခဲ့သကဲ့သို့ ကိုယ်ကလည်း ကိုယ့်ဇနီးအပေါ် စိတ်ရှည်စွာ စောင့်ဆိုင်းနားချ သင်ပြသင့်သည်။ သူမ၏ အတွင်းစိတ်၌ ရှရီအသ်ပညတ်ချက်များကို တောင့်တလာသည့်အခါ ခွဲခြားသင်ပြသင့်သည်။ မနှစ်မြို့စရာတွေ့တိုင်း ပြစ်တင်ကြိမ်းမောင်းမှုပဲပြုလုပ်နေလျှင် သူမသည် ဒီးန်နှင့် ပိုမိုဝေးကွာသွားနိုင်ကြောင်း သတိပြုရမည်။ ထို့ကြောင့် တတ်သိသူများ၏ အတွေ့အကြုံဖြင့် သိမ်းသွင်းသင့်သည်။ အထူးသဖြင့် စာပေမပြတ်ဖတ်ပါလေ…။
ရှာဒီပြီးသည်နှင့် လိုက်နာရမည့်အချက် (၃)ချက်
နေကာရှာဒီပြီးနောက် သားသမီးရကြဦးမည်။ အိမ်ထောင်ဦးစီး၊ သားသမီးများ၏ဖခင်၊ ဇနီး၏ခင်ပွန်းသည် အောက်ဖေါ်ပြပါ အချက်(၃)ချက်ကို လေးစားလိုက်နာရမည်။
၁။ မျက်စေ့ကိုထိန်းရမည်။ အတုအယောင် အလှအပများသည့်ခေတ်၊ မိတ်ကပ်ခေတ်တွင် ကိုယ့်ဇနီးသည်သာ အလှဆုံးအဖြစ်ခံယူထားပါလေ။ ကိုယ့်ဇနီးအပြင် အခြားတပါးကို ငြိတွယ်မိပြီဆိုပါက နူရ်နှင့် ရူဟာနီယသ်တို့ ပျက်ပြယ်ကုန်လိမ့်မည်။ အရှင်မြတ်က ထိုကဲ့သို့သူ၏ သိက္ခာကို ကျစေတော်မူ၏။ အကြည့်မှားလျှင် အကျဉ်းတန်မည်ဟု မှတ်ယူပါလေ။
၂။ အရှင်မြတ်သည် စုံတွဲကို သတ်မှတ်တော်မူ၏။ ယင်းအတိုင်းပင် ဗန္ဒာဟ်က ကျေနပ်ရပေမည်။ မည်သည့်အခြေအနေမှာပင်ဖြစ်စေ ရှူကုရ် (အလ္လာဟ်ကို ကျေးဇူးတင်ခြင်း) ပြုနေရမည်။ ကိုယ့်ဇနီးထက်သာသူ မရှိဟု မှတ်ယူထားပါ။ ၃။ မိဘမောင်နှမ ဆွေမျိုးသားချင်းများထံ မျှော်လင့်ချက်မထားပါနှင့်။ အရှင်မြတ်ကိုသာ အားထားယုံကြည်ပါ။ ဒုက္ခဆိုသည်မှာ ဆွေမျိုးရင်းချာများကြောင့်သာ ကြုံရတတ်၏။ အင်န်ရှာအလ္လာဟ် ဒုက္ခသည် အမြန်ဆုံးပျောက်ကွယ်ပါလိမ့်မည်။
သဗ်လီဂ်အဖွဲ့နှင့်ပတ်သက်၍ မောင်လာနာဟကီးမ်မိုဟမ္မဒ် အခ်သရ်ဆဗ်၏ ဆန္ဒထုတ်ဖော်မှု
သဗ်လီဂ်အဖွဲ့နှင့်ပတ်သက်၍ မောင်လာနာ
=============================
ဟကီးမ်မိုဟမ္မဒ် အခ်သရ်ဆဗ်၏
=====================
ဆန္ဒထုတ်ဖော်မှု
===========
ဟဇရသ် မောင်လာနာ ဟကီးမ် မိုဟမ္မဒ် အခ်သရ်ဆဗ် (နောင်ဝ်ဝရလ္လာဟို့ မရ်ကဒဟ်) က မိန့်သည်မှာ - " သဗ်လီဂ်သမားများနှင့်အတူနေရာ၌ သတိထားရမည့် အချက်မှာ - ဤသူတို့သည် ဒေါသကို ချုပ်ငြိမ်းအောင် ပြုနေကြသည် ... ဒေါသ ချုပ်ငြိမ်းအောင် ပြုရန် အလ္လာဟ်နှင့် အလ္လာဟ့်ရစူလ်တို့က ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဟဒီဆ်တော်မြတ်တို့တွင် မည်သည့်နေရာတွင်မျှ မိန့်ကြားထားခြင်း မရှိပါပေ ... အကယ်၍သာ ကျွန်ုပ်တို့ အစ္စလာမ့်စစ်တပ်များနှင့် မွတ်စ်လင်မ်လူထုအတွင်း ဒေါသ ချုပ်ငြိမ်းသွားမည် ... ၎င်းနောက် အိန္ဒယက တိုက်ခိုက်လာပြီး ဟင်ဒူတပ်သားသည် ကျွန်ုပ်တို့၏ နှမများ ၊ သမီးများကို တစ်ယောက်ပြီးတစ်ယောက် မ,မ,သွားမည် ဆိုပါက ဤ (သဗ်လီဂ်သမား) တို့ ဘာလုပ်ကြမည်နည်း ... ?
၎င်းတို့ထံတွင် ဒေါသ မရှိဘူးဆိုပါက ယင်းသူတို့သည် ထိုကာဖစ်ရ်တို့အား ကောင်းမွန်စွာ ဆက်ဆံကြတော့မည် ... ပြီးနောက် ပြောကြမည်မှာ - ``အို - ညီနောင်တို့ ၊ ချစ်မိတ်ဆွေတို့ ! ကျွန်ုပ်တို့၏ နှမများကို လွှတ်ပေးကြပါခင်ဗျာ ... သို့မဟုတ်ပါက အလ္လာဟ်အသျှင်သည် အမျက်ထွက်တော်မူလိမ့်မည် ... ကျွန်ုပ်တို့၏ သမီးများကို လွှတ်ပေးကြပါခင်ဗျာ ... သို့မဟုတ်လျှင် အလ္လာဟ်အသျှင်သည် အသင်တို့ကို ဂျဟန္နမ်ထဲ ထည့်တော်မူလိမ့်မည်´´ ... ထိုကဲ့သို့သော စကားများ ပြောဆိုပြီး တဆက်တည်းမှာပင် ၎င်း(ကာဖစ်ရ်)တို့အား ကောင်းမွန်စွာ ဆက်ဆံပေလိမ့်မည် ... အဘယ်ကြောင့်ဆိုသော် ယင်းသဗ်လီဂ်အဖွဲ့ဝင်တို့သည် ဒေါသအား မိမိတို့ထံမှ ချုပ်ငြိမ်းစေခဲ့ပြီး ဖြစ်နေသောကြောင့်ပင် ... ။ "
မှတ်ချက် ။ ... ။ တလောကလုံးရှိ အစ္စလာမ့်စစ်တပ်များနှင့် မွတ်စ်လင်မ်လူထုအတွက် တွေးစရာ တောစရာ -
ထိုလုပ်ငန်းအတွက် ကာဖစ်ရ်တို့သည် မိမိတို့၏တိုင်း နိုင်ငံများတွင် ယင်းတို့အား လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုထားပါသလား ... ?
အစ္စလာမ်သာသနာနှင့် မွတ်စ်လင်မ်တို့၏ အဆိုးဆုံးရန်သူဖြစ်သော အမေရိကနှင့် အစ္စရေးသည်လည်း လွတ်လပ်ခွင့် ပြုပေးထားပါသလား ... ?
.
ဟစဒ် မနာလိုဝန်တိုမှုဖြစ်ခြင်း၏ အကြောင်းနှစ်ရပ်
=============================
ဟစဒ်မည်သော မနာလိုမှုသည် စိတ်နှလုံးသားတွင် အကြောင်းနှစ်ရပ်ကြောင့်သာ ဖြစ်ပေါ်လာ၏။
ပထမအကြောင်းမှာ...
ဒွန္ဒယာလောကရှိ ဥစ္စာစည်းစိမ်းများ၏ အချစ်ကြောင့်သော်လည်းကောင်း (သို့) ဂုဏ် ရာထူး၏ အချစ်ကြောင့်သော်လည်းကောင်းဖြစ်ပေ၏။အဘယ်ကြောင့်ဆိုသော် လူသားသည် အမြဲတစေပင် မိမိ၏အဆင့်အတန်း မြင့်မားနေသည်ကိုပင် လိုလားနေတတ်၏။ ထိုသို့အခါတွင် တစ်ဦးတစ်ယောက်သောသူက မိမိထက်သာသွားလျှင် ယင်းအားဖြုတ်ချပစ်ရန်အတွက် စိတ်ထဲတွင် ပူပင်သောကဝင်လာတော့၏။
ဒုတိယအကြောင်းမှာ...
မနာလိုမရှုစိတ်နှင့် အငြိုးထားမှုပင်ဖြစ်ပေ၏။
ဥပမာဆိုရသော်...
မိမိ၏စိတ်ထဲတွင် တစ်ဦးတစ်ယောက်နှင့်ပတ်သက်၍ မနာလို မရှုစိတ်နှင့် အငြိုးထားမှုဖြစ်ပေါ်လာလျှင် ထိုမရှုစိတ်နှင့် အငြိုးထားမှုကြောင့် ထိုသူ၏ပျော်ရွှင်မှုဖြင့် မိမိ၏စိတ်ထဲတွင် နာကျင်မှုဖြစ်ပေါ်လာပေတော့၏။ သို့ဖြင့် စိတ်ထဲတွင် ဖော်ပြပါကိစ္စနှစ်ရပ်ရှိလာပြီ ဆိုလျှင် ထိုအခါ မုချဟစဒ်မနာလိုဝန်တိုမှုဖြစ်ပေါ်လာမည်သာ။
ဟစဒ်မနာဝန်တိုမှုကင်းဝေးကြပါစေ
:-) :-) :-)
Sunday, June 26, 2016
ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံ နှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း(၇)
"ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံနှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း(၇)"
Bermuda Triangle ဘာမြူဒါတြိဂံဇုန်
==========================
ဘာမြူဒါတြိဂံဇုန်၏တည်နေရာမှာ အတ္တလန်တိတ်သမုဒ္ဒရာ၏ ကျွန်းပေါင်း(၃၀၀)ခန့်ပါဝင်သောနေရာဖြစ်သည် ... ကျွန်းပေါင်း(၂၀)တွင်သာ လူနေပြီး အရေအတွက်မှာ နည်းပါးလှသည် ... အန္တရာယ်ဒေသဟု သိရှိထားကြပြီး အကျယ်အဝန်းမှာ (၁၁၄၀၀၀၀) စတုရန်းကီလိုမီတာ ရှိသည် ... မြောက်ဘက်စွန်းတွင် ဘာမြူဒါကျွန်းရှိပြီး အရှေ့တောင်ဘက်အစွန်းတွင် ပေါ်တိုရီကိုရှိသည် ... အနောက်တောင်အစွန်းတွင် ဖလော်ရီဒါကျွန်းဆွယ်ရှိသည် ... ဖလော်ရီဒါ၏ အဓိပ္ပာယ်မှာ 'စောင့်မျှော်ခြင်းခံရသော ခိုဒါ (အသျှင်သခင်)၏မြို့' ဖြစ်ပြီး ဒုတိယအဓိပ္ပာယ်မှာ 'စောင့်မျှော်ခြင်းခံရသော ခိုဒါ ' ဟူ၍ဖြစ်သည် ... ။
နှစ်ပေါင်း (၄၀၀) ခန့်ကပင် မည်သည့်လူသားကမှ ထိုကျွန်းများတွင်သွားရောက်နေထိုင်ရန် မကြိုးစားခဲ့ပေ ... သင်္ဘောကပ္ပတိန်များကလည်း ထိုဒေသကို ရှောင်ရှားပြီးသွားကြသည် ... ထိုဒေသနှင့်ပတ်သက်ပြီး အချင်းချင်း သတိပေးသောစကားတစ်ခွန်းရှိပေသည် ... ၎င်းမှာ ထိုရေပြင်၏ နက်ရှိုင်းသောနေရာတွင် ကြောက်မက်ဖွယ်ရာနှင့် မကောင်းဆိုးဝါး 'ရှိုင်သွာန်' ၏ လျှို့ဝှက်ချက်များ ဖုံးအုပ်ထားသည် ဟူ၍ဖြစ်သည် ... အဘယ်မျှဟူမူ ထိုလမ်းမှခရီးသွားမည့် လေယာဉ်စီးခရီးသည်သာမက လေယာဉ်ဝန်ထမ်းများကပါ ပထမဆုံးမေးသောမေးခွန်းမှာ ကျွန်ုပ်တို့လေယာဉ်သည် ဘာမြူဒါတြိဂံဇုန်အပေါ်မှ ဖြတ်သန်းသွားမည်လား ဟူ၍ဖြစ်သည် ... ။
ဘာမြူဒါတြိဂံဇုန်သည်အမှန်တကယ်
=======================
တြိဂံပုံသဏ္ဍာန်ရှိနေပါသလော
===================
ဘာမြူဒါတြိဂံဇုန်သည် အတ္တလန်တိတ်သမုဒ္ဒရာအတွင်းတွင် ရှိသဖြင့် ရေပြင်ချည်းသာဖြစ်ပေသည် ... စဉ်းစားစရာအချက်မှာ လှိုင်းထန်နေသော သမုဒ္ဒရာရေပြင်ကျယ်တွင် တြိဂံမည်သို့ဖြစ်ပေမည်နည်း ... ။
ဤအချက်မှာ မှန်ပေသည် ... တြိဂံဟူသည် အမှန်တကယ် တြိဂံမဟုတ်ပဲ သီးသန့်ဒေသတစ်ခုကိုသာ ရည်ညွှန်းခြင်းဖြစ်သည် ... မယုံကြည်နိုင်လောက်သော အဖြစ်အပျက်များ ပေါ်ပေါက်သဖြင့် ဤဒေသအတွက် အမည်သတ်မှတ်ထားခြင်းသာဖြစ်လေသည် ... အမည်သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး ထင်ရှားသောအဆိုမှာ ဤဒေသနှင့်ပတ်သက်ပြီး (၁၉၄၅)ခုနှစ်တွင် ကျင်းပသော ပတမဦးဆုံးညီလာခံ၌ ဤအမည်ကို သုံးစွဲခဲ့ခြင်းဖြစ်သည် ... ထိုဒေသတွင် လေယာဉ်ပျံများပျောက်ဆုံးခြင်းနှင့်ပတ်သက်ပြီး ဤညီလာခံကျင်းပခဲ့ခြင်းဖြစ်ပေသည် ... ၎င်းကို တြိဂံဇုန်ဟု အဘယ်ကြောင့်အမည်ပေးခဲ့သနည်း ဟူသောအချက်မှာ စဉ်းစားဖွယ်ရာပင်ဖြစ်ပေသည် ... ။
ထိုလေယာဉ်ပျောက်ဆုံးသောအဖြစ်အပျက်များမတိုင်မီ အခြားသောအဖြစ်အပျက်များလည်း ဖြစ်ပေါ်ခဲ့သေးသည် ... သို့သော်လည်း ထိုအခါက ဤဒေသအား ဘာမြူဒါတြိဂံဇုန်ဟု မခေါ်ပဲ မကောင်းဆိုးဝါးကျွန်းစုများဟုသာ ခေါ်ကြပေသည် ... ။
ခရစ္စတိုဖာကိုလံဘတ်စ် (1451 - 1506) ဤဒေသသို့ ဖြတ်သန်းစဉ်ကာလကလည်း အံ့သြဖွယ်ရာများမြင်တွေ့ခဲ့ရသည် ... ဥပမာ - မီးလုံးများ ပင်လယ်အတွင်း ဝင်ရောက်သွားခြင်း ၊ သံလိုက်အိမ်မြောင် မမှန်ကန်တော့ခြင်း စသည်တို့ဖြစ်သည် ... ကိုလံဘတ်စ် အမေရိကတိုက်သို့ ခရီးထွက်ခဲ့သည်မှာ ယခုဆိုလျှင် ရာစုနှစ်(၅)စုပင်ရှိခဲ့ပြီ ... သို့သော်လည်း ယနေ့တိုင်အောင် ၎င်း၏ ရေမျက်နှာပြင်၌လည်းကောင်း ၊ နက်ရှိုင်းသော ရေပြင်အောက်တွင်လည်းကောင်း ၊ ၎င်း၏ ဝေဟင်အထက်တွင်လည်းကောင်း မည်သို့သောလျှို့ဝှက်အင်အားများရှိနေသည်ကို ယနေ့ ဂြိုလ်တုခေတ်တွင်လည်း လူသားတို့စဉ်းစား၍ ဉာဏ်မမီနိုင်အောင်ဖြစ်ရလေသည် ... ။
(၁၈၅၄)ခုနှစ်မတိုင်ခင်က အရဗ်လူမျိုးတို့ ထိုဒေသမှ ဖြတ်သန်းသွားလာကြသော်လည်း မည်သို့သောကိစ္စမျိုးမှ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ ... သို့သော် သမိုင်းမှတ်တမ်းအရ (၁၈၅၄) မတိုင်ခင်ကလည်း ပျောက်ဆုံးသောအထောက်အထားများရှိကြောင်း သိရှိရပေသည် ... ။
ဘာမြူဒါတြိဂံဇုန်သည် သင်္ဘောများ၏သင်္ချိုင်းဖြစ်ခြင်း
=================================
(၁၈၁၃)ခုနှစ်တွင်အမေရိကန် ဒုတိယသမ္မတ အာရွန်ဘရ် (Aaron Burr)၏သမီး သီအိုဒိုဇီယာ (Theodosia) ၎င်းသည် တောင်ကာရိုလိုင်းနား အုပ်ချုပ်ရေးမှူးဖြစ်သူ ဂျိုးဇက်အလ်စတုန်း၏ဇနီးဖြစ်သည် ... သူမသည် မိမိခေတ်၏ အလှဘုရင်မဖြစ်ပြီး အသိဉာဏ်လည်းအလွန်ထက်မြက်လှသည် ... ၎င်းသည် ဖခင်နှင့်တွေ့ဆုံရန် ထိုခေတ်ကနာမည်ကြီးသင်္ဘော ပတ္တရီယော့ကိုစီးနင်းပြီး နယူးယောက်မြို့သို့သွားခဲ့သည် ... သင်္ဘောကပ္ပတိန်မှာလည်း ထိုအချိန်က အကျွမ်းကျင်ဆုံးကပ္ပတိန်များတွင် အပါအဝင်ဖြစ်သူဖြစ်သည် ... ။
သင်္ဘောသည် ဘာမြူဒါတြိဂံဇုန်ရောက်သောအခါ သင်္ဘောနှင့်တကွ ပါလာသူအားလုံး ပျောက်ဆုံးသွားခဲ့ရသည် ... ၎င်း၏ဖခင်သည် ဒုတိယသမ္မတအနေအထားဖြင့် မိမိသမီးကိုရှာဖွေရန် ဖြစ်နိုင်ခြေရှိသောနည်းလမ်းအားလုံး အသုံးပြုပြီး ရှာဖွေသော်ငြားလည်း သင်္ဘောကိုသော်လည်းကောင်း ၊ သင်္ဘောပေါ်တွင်ပါရှိသော လူတစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း အစအနပင်ရှာ၍မတွေ့ပဲ ၎င်း၏ရှာဖွေရေးအစီအစဉ် ရပ်တန့်သွားစေရန် မဟုတ်မမှန် သွားပုပ်လေလွင့် အပြောခံရခြင်းမှလွဲ၍ မည်သည့်အရာမှ မရရှိခဲ့ပေ ... ။
(၁၈၁၄)ခုနှစ်တွင် အမေရိကန်စစ်သင်္ဘောအုပ်စုမှ ကျော်ကြားလှသည့်သင်္ဘောဖြစ်သည့် ဝပ်စ်ပ် (WASP) ကိုလည်း ဘာမြူဒါတြိဂံဇုန်က ဝါးမြိုခဲ့သည် ... သင်္ဘောကပ္ပတိန်မှာ သာမန်မဟုတ်ပဲ ... အသိုင်းအဝိုင်းအားလုံးက သူရဲကောင်းဟု သတ်မှတ်ခြင်းခံထားရပြီး ဗြိတိသျှရေတပ်၏ သင်္ဘောအုပ်စုမှ အတောင့်အတင်းဆုံးဖြစ်သည့် ရင်န်ဒီးရ် (Reindeer) သင်္ဘောအား (၂၇)မိနစ်အတွင်း ရှုံးနိမ့်စေခဲ့သော 'ဂျွန်စတင်န်ဗလေကလေ' (Blakeley) ဖြစ်လေသည် ... ထိုသို့အောင်မြင်မှုရပြီး ဗလေကလေနှင့် ၎င်း၏သင်္ဘောသည် အဘယ်လောကသို့ရောက်ရှိသွားသည်ကို မည်သူမှ မသိနိုင်တော့ပေ ... အမေရိကန်အစိုးသည်လည်းကောင်း ၊ အမေရိကန်ရေတပ်သည်လည်းကောင်း ၊ အဆုံးစွန်ရှာဖွေပြီးသည့်နောက်တွင်လည်း ၎င်းအားအစအနပင် မတွေ့ရှိရတော့ပေ ... ဘာမြူဒါတြိဂံဇုန်ကပင် မျိုချပစ်လိုက်ပြီလော ၊ သို့မဟုတ် ဗလေကလေ၏ အရည်အချင်းကို သဘောကျပြီး ဖုံကွယ်နေသောအင်အားက ၎င်းကိုရွေးချယ်လိုက်ပြီလော ဟူ၍ မသိနိုင်တော့ပြီ ... ။
ပထမကမ္ဘာစစ် (၁၉၁၄ - ၁၉၁၈) ကာလ (၁၉၁၈)ခုနှစ် မတ်လတွင် အမေရိကန်စစ်သင်္ဘော ဆိုင်ကလောပ်စ် (Cyclops U.S.A) ထိုဒေသတွင် ပျောက်ဆုံးသွားခဲ့သည် ... ထိုသင်္ဘောပေါ်တွင် စစ်သုံးပစ္စည်း ကုန်ကြမ်း တန်ချိန်(၁၄၅၀)တန် တင်ဆောင်ထားပြီး လူအယောက်(၃၀၀)စီးနင်းလိုက်ပါခဲ့သည် ... ထိုသင်္ဘောလည်း အစအနပင် ရှာ၍မရခဲ့ပေ ... ။
ဂျာရှဝါစလိုကမ် (Jashua Slocum) သည် အမေရိကန်ရေကြောင်းသာမကပဲ ကမ္ဘာ့ရေကြောင်းသမိုင်းတွင်ပါ မှတ်တိုင်စိုက်ထူနိုင်ခဲ့သော ကပ္ပတိန်တစ်ဦးဖြစ်ပေသည် ... ငယ်စဉ်ကာလကပင် ပင်လယ်လှိုင်းတို့နှင့် ဆော့ကစားခဲ့သည် ... အားလုံးထက်အလျင် တစ်ကိုယ်တည်း ရေကြောင်းဖြင့် ကမ္ဘာပတ်ခဲ့သည် ... သက်တမ်းတစ်လျှောက်လုံး အန္တရာယ်ကြီးမားသော ပင်လယ်လှိုင်းလုံးများကို ရင်ဆိုင်အန်တုခဲ့သည် ... (၁၉၀၉)ခုနှစ်တွင် မိမိ၏သင်္ဘော စပရေး (Spray) ဖြင့် ခရီးထွက်လာရာ ဘာမြူဒါတြိဂံဇုန်အရောက်တွင် မိမိသင်္ဘောနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ဘာမြူဒါတြိဂံဇုန်အတွင်း ပျောက်ဆုံးသွားသူများ၏စာရင်းတွင် တစ်ဦးတိုးလာသည်မှလွဲ၍ မည်သည့်အချက်အလက်မှ စုံစမ်းသိရှိရခြင်းမရှိပေ ... ။
Credit to ; သျှားဝဏ္ဏ