"ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံနှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း(၇)"
Bermuda Triangle ဘာမြူဒါတြိဂံဇုန်
==========================
ဘာမြူဒါတြိဂံဇုန်၏တည်နေရာမှာ အတ္တလန်တိတ်သမုဒ္ဒရာ၏ ကျွန်းပေါင်း(၃၀၀)ခန့်ပါဝင်သောနေရာဖြစ်သည် ... ကျွန်းပေါင်း(၂၀)တွင်သာ လူနေပြီး အရေအတွက်မှာ နည်းပါးလှသည် ... အန္တရာယ်ဒေသဟု သိရှိထားကြပြီး အကျယ်အဝန်းမှာ (၁၁၄၀၀၀၀) စတုရန်းကီလိုမီတာ ရှိသည် ... မြောက်ဘက်စွန်းတွင် ဘာမြူဒါကျွန်းရှိပြီး အရှေ့တောင်ဘက်အစွန်းတွင် ပေါ်တိုရီကိုရှိသည် ... အနောက်တောင်အစွန်းတွင် ဖလော်ရီဒါကျွန်းဆွယ်ရှိသည် ... ဖလော်ရီဒါ၏ အဓိပ္ပာယ်မှာ 'စောင့်မျှော်ခြင်းခံရသော ခိုဒါ (အသျှင်သခင်)၏မြို့' ဖြစ်ပြီး ဒုတိယအဓိပ္ပာယ်မှာ 'စောင့်မျှော်ခြင်းခံရသော ခိုဒါ ' ဟူ၍ဖြစ်သည် ... ။
နှစ်ပေါင်း (၄၀၀) ခန့်ကပင် မည်သည့်လူသားကမှ ထိုကျွန်းများတွင်သွားရောက်နေထိုင်ရန် မကြိုးစားခဲ့ပေ ... သင်္ဘောကပ္ပတိန်များကလည်း ထိုဒေသကို ရှောင်ရှားပြီးသွားကြသည် ... ထိုဒေသနှင့်ပတ်သက်ပြီး အချင်းချင်း သတိပေးသောစကားတစ်ခွန်းရှိပေသည် ... ၎င်းမှာ ထိုရေပြင်၏ နက်ရှိုင်းသောနေရာတွင် ကြောက်မက်ဖွယ်ရာနှင့် မကောင်းဆိုးဝါး 'ရှိုင်သွာန်' ၏ လျှို့ဝှက်ချက်များ ဖုံးအုပ်ထားသည် ဟူ၍ဖြစ်သည် ... အဘယ်မျှဟူမူ ထိုလမ်းမှခရီးသွားမည့် လေယာဉ်စီးခရီးသည်သာမက လေယာဉ်ဝန်ထမ်းများကပါ ပထမဆုံးမေးသောမေးခွန်းမှာ ကျွန်ုပ်တို့လေယာဉ်သည် ဘာမြူဒါတြိဂံဇုန်အပေါ်မှ ဖြတ်သန်းသွားမည်လား ဟူ၍ဖြစ်သည် ... ။
ဘာမြူဒါတြိဂံဇုန်သည်အမှန်တကယ်
=======================
တြိဂံပုံသဏ္ဍာန်ရှိနေပါသလော
===================
ဘာမြူဒါတြိဂံဇုန်သည် အတ္တလန်တိတ်သမုဒ္ဒရာအတွင်းတွင် ရှိသဖြင့် ရေပြင်ချည်းသာဖြစ်ပေသည် ... စဉ်းစားစရာအချက်မှာ လှိုင်းထန်နေသော သမုဒ္ဒရာရေပြင်ကျယ်တွင် တြိဂံမည်သို့ဖြစ်ပေမည်နည်း ... ။
ဤအချက်မှာ မှန်ပေသည် ... တြိဂံဟူသည် အမှန်တကယ် တြိဂံမဟုတ်ပဲ သီးသန့်ဒေသတစ်ခုကိုသာ ရည်ညွှန်းခြင်းဖြစ်သည် ... မယုံကြည်နိုင်လောက်သော အဖြစ်အပျက်များ ပေါ်ပေါက်သဖြင့် ဤဒေသအတွက် အမည်သတ်မှတ်ထားခြင်းသာဖြစ်လေသည် ... အမည်သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး ထင်ရှားသောအဆိုမှာ ဤဒေသနှင့်ပတ်သက်ပြီး (၁၉၄၅)ခုနှစ်တွင် ကျင်းပသော ပတမဦးဆုံးညီလာခံ၌ ဤအမည်ကို သုံးစွဲခဲ့ခြင်းဖြစ်သည် ... ထိုဒေသတွင် လေယာဉ်ပျံများပျောက်ဆုံးခြင်းနှင့်ပတ်သက်ပြီး ဤညီလာခံကျင်းပခဲ့ခြင်းဖြစ်ပေသည် ... ၎င်းကို တြိဂံဇုန်ဟု အဘယ်ကြောင့်အမည်ပေးခဲ့သနည်း ဟူသောအချက်မှာ စဉ်းစားဖွယ်ရာပင်ဖြစ်ပေသည် ... ။
ထိုလေယာဉ်ပျောက်ဆုံးသောအဖြစ်အပျက်များမတိုင်မီ အခြားသောအဖြစ်အပျက်များလည်း ဖြစ်ပေါ်ခဲ့သေးသည် ... သို့သော်လည်း ထိုအခါက ဤဒေသအား ဘာမြူဒါတြိဂံဇုန်ဟု မခေါ်ပဲ မကောင်းဆိုးဝါးကျွန်းစုများဟုသာ ခေါ်ကြပေသည် ... ။
ခရစ္စတိုဖာကိုလံဘတ်စ် (1451 - 1506) ဤဒေသသို့ ဖြတ်သန်းစဉ်ကာလကလည်း အံ့သြဖွယ်ရာများမြင်တွေ့ခဲ့ရသည် ... ဥပမာ - မီးလုံးများ ပင်လယ်အတွင်း ဝင်ရောက်သွားခြင်း ၊ သံလိုက်အိမ်မြောင် မမှန်ကန်တော့ခြင်း စသည်တို့ဖြစ်သည် ... ကိုလံဘတ်စ် အမေရိကတိုက်သို့ ခရီးထွက်ခဲ့သည်မှာ ယခုဆိုလျှင် ရာစုနှစ်(၅)စုပင်ရှိခဲ့ပြီ ... သို့သော်လည်း ယနေ့တိုင်အောင် ၎င်း၏ ရေမျက်နှာပြင်၌လည်းကောင်း ၊ နက်ရှိုင်းသော ရေပြင်အောက်တွင်လည်းကောင်း ၊ ၎င်း၏ ဝေဟင်အထက်တွင်လည်းကောင်း မည်သို့သောလျှို့ဝှက်အင်အားများရှိနေသည်ကို ယနေ့ ဂြိုလ်တုခေတ်တွင်လည်း လူသားတို့စဉ်းစား၍ ဉာဏ်မမီနိုင်အောင်ဖြစ်ရလေသည် ... ။
(၁၈၅၄)ခုနှစ်မတိုင်ခင်က အရဗ်လူမျိုးတို့ ထိုဒေသမှ ဖြတ်သန်းသွားလာကြသော်လည်း မည်သို့သောကိစ္စမျိုးမှ ပေါ်ပေါက်ခဲ့ခြင်းမရှိပေ ... သို့သော် သမိုင်းမှတ်တမ်းအရ (၁၈၅၄) မတိုင်ခင်ကလည်း ပျောက်ဆုံးသောအထောက်အထားများရှိကြောင်း သိရှိရပေသည် ... ။
ဘာမြူဒါတြိဂံဇုန်သည် သင်္ဘောများ၏သင်္ချိုင်းဖြစ်ခြင်း
=================================
(၁၈၁၃)ခုနှစ်တွင်အမေရိကန် ဒုတိယသမ္မတ အာရွန်ဘရ် (Aaron Burr)၏သမီး သီအိုဒိုဇီယာ (Theodosia) ၎င်းသည် တောင်ကာရိုလိုင်းနား အုပ်ချုပ်ရေးမှူးဖြစ်သူ ဂျိုးဇက်အလ်စတုန်း၏ဇနီးဖြစ်သည် ... သူမသည် မိမိခေတ်၏ အလှဘုရင်မဖြစ်ပြီး အသိဉာဏ်လည်းအလွန်ထက်မြက်လှသည် ... ၎င်းသည် ဖခင်နှင့်တွေ့ဆုံရန် ထိုခေတ်ကနာမည်ကြီးသင်္ဘော ပတ္တရီယော့ကိုစီးနင်းပြီး နယူးယောက်မြို့သို့သွားခဲ့သည် ... သင်္ဘောကပ္ပတိန်မှာလည်း ထိုအချိန်က အကျွမ်းကျင်ဆုံးကပ္ပတိန်များတွင် အပါအဝင်ဖြစ်သူဖြစ်သည် ... ။
သင်္ဘောသည် ဘာမြူဒါတြိဂံဇုန်ရောက်သောအခါ သင်္ဘောနှင့်တကွ ပါလာသူအားလုံး ပျောက်ဆုံးသွားခဲ့ရသည် ... ၎င်း၏ဖခင်သည် ဒုတိယသမ္မတအနေအထားဖြင့် မိမိသမီးကိုရှာဖွေရန် ဖြစ်နိုင်ခြေရှိသောနည်းလမ်းအားလုံး အသုံးပြုပြီး ရှာဖွေသော်ငြားလည်း သင်္ဘောကိုသော်လည်းကောင်း ၊ သင်္ဘောပေါ်တွင်ပါရှိသော လူတစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း အစအနပင်ရှာ၍မတွေ့ပဲ ၎င်း၏ရှာဖွေရေးအစီအစဉ် ရပ်တန့်သွားစေရန် မဟုတ်မမှန် သွားပုပ်လေလွင့် အပြောခံရခြင်းမှလွဲ၍ မည်သည့်အရာမှ မရရှိခဲ့ပေ ... ။
(၁၈၁၄)ခုနှစ်တွင် အမေရိကန်စစ်သင်္ဘောအုပ်စုမှ ကျော်ကြားလှသည့်သင်္ဘောဖြစ်သည့် ဝပ်စ်ပ် (WASP) ကိုလည်း ဘာမြူဒါတြိဂံဇုန်က ဝါးမြိုခဲ့သည် ... သင်္ဘောကပ္ပတိန်မှာ သာမန်မဟုတ်ပဲ ... အသိုင်းအဝိုင်းအားလုံးက သူရဲကောင်းဟု သတ်မှတ်ခြင်းခံထားရပြီး ဗြိတိသျှရေတပ်၏ သင်္ဘောအုပ်စုမှ အတောင့်အတင်းဆုံးဖြစ်သည့် ရင်န်ဒီးရ် (Reindeer) သင်္ဘောအား (၂၇)မိနစ်အတွင်း ရှုံးနိမ့်စေခဲ့သော 'ဂျွန်စတင်န်ဗလေကလေ' (Blakeley) ဖြစ်လေသည် ... ထိုသို့အောင်မြင်မှုရပြီး ဗလေကလေနှင့် ၎င်း၏သင်္ဘောသည် အဘယ်လောကသို့ရောက်ရှိသွားသည်ကို မည်သူမှ မသိနိုင်တော့ပေ ... အမေရိကန်အစိုးသည်လည်းကောင်း ၊ အမေရိကန်ရေတပ်သည်လည်းကောင်း ၊ အဆုံးစွန်ရှာဖွေပြီးသည့်နောက်တွင်လည်း ၎င်းအားအစအနပင် မတွေ့ရှိရတော့ပေ ... ဘာမြူဒါတြိဂံဇုန်ကပင် မျိုချပစ်လိုက်ပြီလော ၊ သို့မဟုတ် ဗလေကလေ၏ အရည်အချင်းကို သဘောကျပြီး ဖုံကွယ်နေသောအင်အားက ၎င်းကိုရွေးချယ်လိုက်ပြီလော ဟူ၍ မသိနိုင်တော့ပြီ ... ။
ပထမကမ္ဘာစစ် (၁၉၁၄ - ၁၉၁၈) ကာလ (၁၉၁၈)ခုနှစ် မတ်လတွင် အမေရိကန်စစ်သင်္ဘော ဆိုင်ကလောပ်စ် (Cyclops U.S.A) ထိုဒေသတွင် ပျောက်ဆုံးသွားခဲ့သည် ... ထိုသင်္ဘောပေါ်တွင် စစ်သုံးပစ္စည်း ကုန်ကြမ်း တန်ချိန်(၁၄၅၀)တန် တင်ဆောင်ထားပြီး လူအယောက်(၃၀၀)စီးနင်းလိုက်ပါခဲ့သည် ... ထိုသင်္ဘောလည်း အစအနပင် ရှာ၍မရခဲ့ပေ ... ။
ဂျာရှဝါစလိုကမ် (Jashua Slocum) သည် အမေရိကန်ရေကြောင်းသာမကပဲ ကမ္ဘာ့ရေကြောင်းသမိုင်းတွင်ပါ မှတ်တိုင်စိုက်ထူနိုင်ခဲ့သော ကပ္ပတိန်တစ်ဦးဖြစ်ပေသည် ... ငယ်စဉ်ကာလကပင် ပင်လယ်လှိုင်းတို့နှင့် ဆော့ကစားခဲ့သည် ... အားလုံးထက်အလျင် တစ်ကိုယ်တည်း ရေကြောင်းဖြင့် ကမ္ဘာပတ်ခဲ့သည် ... သက်တမ်းတစ်လျှောက်လုံး အန္တရာယ်ကြီးမားသော ပင်လယ်လှိုင်းလုံးများကို ရင်ဆိုင်အန်တုခဲ့သည် ... (၁၉၀၉)ခုနှစ်တွင် မိမိ၏သင်္ဘော စပရေး (Spray) ဖြင့် ခရီးထွက်လာရာ ဘာမြူဒါတြိဂံဇုန်အရောက်တွင် မိမိသင်္ဘောနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ဘာမြူဒါတြိဂံဇုန်အတွင်း ပျောက်ဆုံးသွားသူများ၏စာရင်းတွင် တစ်ဦးတိုးလာသည်မှလွဲ၍ မည်သည့်အချက်အလက်မှ စုံစမ်းသိရှိရခြင်းမရှိပေ ... ။
Credit to ; သျှားဝဏ္ဏ
Sunday, June 26, 2016
ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံ နှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း(၇)
Tuesday, June 21, 2016
ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံ နှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၆)
"ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံနှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၆)"
ပန်းတိုင်မဲ့သင်္ဘောများ
==============
ထိုဒေသတွင်ပျောက်ဆုံးသွားသော ယာဉ်များနှင့်ပတ်သက်ပြီး ထင်ရှားသောအဖြစ်အပျက်များမှာ အောက်ပါအတိုင်းဖြစ်လေသည် ... ။
၁။ ဂျပန် ဓာတ်ဆီတင်သင်္ဘော ယာယိုမာရူ-၅ ၊ သင်္ဘောသား (၂၁)ဦး နှင့်အတူ ၊ ဓာတ်ဆီ တန်(၅၀၀)တင်ဆောင်လျက် ၊ သိပ္ပံပညာရှင် (၉)ဦး တင်ဆောင်ထားပြီး (၁၉၅၂)ခု ၊ စက်တင်ဘာလ(၂၄)ရက်တွင် နောက်ဆုံးအဆက်အသွယ်ရရှိပြီးနောက် ပျောက်ဆုံးသွားခဲ့သည် ... ။
၂။ ဂျပန် ကုန်တင်သင်္ဘော ကိုရိုရှီယိုမာရို-၂ ၊ ကုန်တန်ချိန်(၁၅၂၅)တန် တင်ဆောင်လျက် (၁၉၄၉)ခု ၊ ဧပြီလ (၂၂)ရက်တွင် နောက်ဆုံးအဆက်အသွယ်ရခဲ့ပြီး သင်္ဘောသားအားလုံးနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။
၃။ ပြင်သစ်သင်္ဘော ဂျီယာနီယူမ် ၊ သင်္ဘောသား (၂၉)ယောက်နှင့်အတူ (၁၉၇၄)ခု ၊ နိုဝက်ဘာလ (၂၄)ရက်နေ့တွင် ရာသီဥတုသာယာကြောင်း သတင်းပို့ပြီးသည့်နောက်တွင် ပျောက်ဆုံးသွားခဲ့သည် ... ။
၎။ လိုင်ဘေးရီးယား ကုန်တင်သင်္ဘော ဘာနာလိုနာသည် ကုန်တန်ချိန် (၁၃၆၁၆)တန် တင်ဆောင်ပြီး သင်္ဘောသား(၃၅)ယောက်နှင့်အတူ (၁၉၇၁)ခု နိုဝင်ဘာလတွင် ပျောက်ဆုံးသွားခဲ့သည် ... ။
၅။ လိုင်ဘေးရီးယား ကုန်တင်သင်္ဘော မတ်စ်ဂျိုစာရ် ၊ ထိုဒေ၌ခုတ်မောင်းနေစဉ် ရုတ်တရက် မီးလောက်ကျွမ်းခဲ့သည် ... သင်္ဘောအတွင်းမှမဟုတ်ပဲ သင်္ဘောပတ်လည်ရှိ ရေလှိုင်းများအတွင်း မီးတောက်များ ပါဝင်လာခဲ့ခြင်းဖြစ်သည် ... မျက်မြင်သက်သေများက ထိုအချိန်မှာပင် မှတ်တမ်းတင်ခဲ့ကြသည် ... အံ့သြဖွယ်ကောင်းသောအချက်မှာ သင်္ဘောသို့ဝန်းရံလာသောမီးတောက်သည် တြိဂံပုံဖြစ်လေသည် ... သင်္ဘောသား(၂၄)ယောက်ပါဝင်ပြီး ဤအဖြစ်အပျက်သည် (၁၉၈၇)ခု မတ်လတွင် ဖြစ်ပျက်ခဲ့သည် ... ။
၆။ ကုန်တင်သင်္ဘော ဆိုဖီယာ ဗာဗားစ်သည် တိုကျိုဆိပ်ကမ်းမှ ထွက်ခွာလာပြီး အချိန်အနည်းငယ်အကြာတွင် နှစ်ပိုင်းပြတ်သွားခဲ့သည် ... သင်္ဘောမှာမူ နစ်မြုပ်သွားခြင်းမရှိခဲ့ပေ ... ။ ဤသို့သင်္ဘောကို နှစ်ပိုင်းပြတ်အောင် မည်သည့်အင်အားက ပြုလုပ်သည် ၊ မည်သည့်နည်းပညာဖြင့် ပြုလုပ်သည်ကို ယနေ့အထိ အဖြေရှာ၍မရသေးပေ ... ။
၇။ ယူနန်ကုန်တင်သင်္ဘော အဂျိဝပ်စ်ဂျီဝါဂျီးစ်သည် ကုန်တန်ချိန် (၁၆၅၆၅)တန် တင်ဆောင်လျက် သင်္ဘောသား(၂၉)ဦးနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။
ရေငုပ်သင်္ဘောများပျောက်ဆုံးမှု
====================
သင်္ဘောများပျောက်ဆုံးခြင်းနှင့်ပတ်သက်ပြီး နစ်မြုပ်သွားသည်ဟု အသင့်အနေနှင့် ပြောဆိုနိုင်ပေမည် ... သို့သော် စနစ်သစ်ရေငုပ်သင်္ဘောများတွင် ကြိုးမဲ့ဆက်သွယ်ရေးစနစ်အသစ် ပါရှိသည်ဖြစ်ပြီး ၊ အနုမြူစွမ်းအင်အသုံးပြုထားသည်ဖြစ်ရာ ထိုရေငုပ်သင်္ဘောများ အကြောင်းမဲ့ပျက်စီးသွားခြင်းနှင့် ပတ်သက်ပြီး ပေးသောအသျှင်က ပြန်လည်ရုပ်သိမ်းလိုက်သည်ဟုသာ ပြောရမည်ကဲ့သို့ဖြစ်ပေသည် ... ။
၁။ (၁၉၈၄)တွင် ရုရှားအနုမြူစွမ်းအင်သုံးရေငုပ်သင်္ဘော victor-1 သင်္ဘောသားများနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။
၂။ နောက်ထပ်(၅)လကြာပြီးနောက် ရုရှားအနုမြူစွမ်းအင်သုံး Echo-1ရေငုပ်သင်္ဘော ၊ သင်္ဘောသားများနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။
၃။ (၁၉၈၆) ၊ ဇန်နဝါရီလတွင် ရုရှားအနုမြူစွမ်းအင်သုံး Echo-2 ရေငုပ်သင်္ဘော ပျောက်ဆုံးသွားခဲ့သည် ... ။
၎။ (၁၉၈၆)ခု ၊ ဧပြီလတွင် ရုရှားအနုမြူစွမ်းအင်သုံး Julof-1 ပျောက်ဆုံးသွားခဲ့သည် ... သင်္ဘောသား(၈၆)ဦးပါဝင်ပြီး အနုမြူလောင်စာ(၈၀၀)ကီလိုဂရမ် တင်ဆောင်ထားခဲ့သည် ... ။
၅။ ပြင်သစ်အနုမြူစွမ်းအင်သုံးရေငုပ်သင်္ဘော ချာလီသည် သင်္ဘောသား(၉၀)ဦးနှင့်အတူ (၁၉၈၄)စက်တင်ဘာလတွင် ပျောက်ဆုံးသွားခဲ့သည် ... ။
၆။ ဗြိတိသျှရေငုပ်သင်္ဘော ဖော့စ်တာဗလ်သည် (၁၉၈၆)ခု နိုဝင်ဘာလတွင် သင်္ဘောများနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။
မကောင်းဆိုးဝါးပင်လယ်၏ဝေဟင်ထက်တွင်
===========================
ပျောက်ဆုံးခဲ့သောလေယာဉ်ပျံများ
=====================
(၁၉၅၇)ခုနှစ် ၊ မတ်လတွင် (၁၀)ရက်တာကာလအတွင်း အမေရိကန်စစ်လေယာဉ်(၃)စီး ဝန်ထမ်းများနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ထိုသို့ပျောက်ဆုံးရာတွင် လေယာဉ်မှူးများထံမှ မတော်တဆမှု သော်လည်းကောင်း ၊ စက်ချို့ယွင်းမှုသော်လည်းကောင်း အကြောင်းကြားချက် လက်ခံရရှိခဲ့ခြင်းမရှိပေ ... ထိုလေယာဉ်များမှာ (1)JD-1 (2)KB-50(3)C-97 တို့ဖြစ်သည် ... ။
ထို့အပြင် ဂျပန်စစ်လေယာဉ် P-2J သည် (၁၉၇၁)ခု ၊ ဇူလိုင်လ(၁၆)ရက်တွင်ပျောက်ဆုံးခဲ့သည် ... ၎င်းနှင့်ပတ်သက်၍လည်း လေယာဉ်မှူးထံမှ မည်သည့်အကြောင်းပြချက်မျိုးမှ လက်ခံမရရှိခဲ့ပေ ... ။
(၁၉၇၁)ခု ၊ ဧပြီလ(၂၇)ရက်တွင် ဂျပန်စစ်လေယာဉ် P2v-7 (၂)လအကြာတွင် ဂျပန်လေ့ကျင့်ရေးလေယာဉ် IM-1 ပျောက်ဆုံးသွားခဲ့သည် ... ။ ယခင်ပျောက်ဆုံးသွားခဲ့သော အမေရိကန် ခရီးသည်တင်လေယာဉ် 'ကလ်လီဖိုးနီးယား မာရူ' ကို ရှာဖွေရန် ထွက်ခွာလာသော ရှာဖွေရေးအဖွဲ့သည် ခရီးသည်တင်လယာဉ် JA-341 ကိုစီးနင်းလျက် ထိုဒေသအပေါ်မှ ပျံသန်းလျက်ရှိစဉ် ပျောက်ဆုံးသွားခဲ့သည် ... ။
Credit to ; သျှားဝဏ္ဏ
ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ်၊ ဘာမြူဒါတြိဂံ နှင့်မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၅)
"ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံနှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၅)"
Dragon's Triangle or Devil Sea
နဂါးတြိဂံ သို့မဟုတ် မကောင်းဆိုးဝါးပင်လယ်
============================
ဘာမြူဒါတြိဂံကို လူသိများကြသော်လည်း ၎င်းကဲ့သို့ပင် လျှို့ဝှက်ချက်များဖြင့် ပြည့်နေသော ၊ ဘေးအန္တရာယ်တို့၏ ဗဟိုဖြစ်နေသော ဂျပန်နိုင်ငံ၏ နဂါးတြိဂံဇုန် သို့မဟုတ် မကောင်းဆိုးဝါးပင်လယ်နှင့်ပတ်သက်၍ လူသိနည်းကြပေသည် ... ဂျပန်တို့အနေဖြင့် ၎င်း၏အကြောင်းကို ကောင်းစွာသိရှိထားကြပြီး ဂျပန်အစိုးရကလည်း ထိုအန္တရာယ်ဇုန်မှ ဝေးစွာနေရန် အမိန့်ထုတ်ပြန်ထားပေသည် ... ဘာမြူဒါတြိဂံဇုန်ကဲ့သို့ပင် ဤနေရာတွင်လည်း သင်္ဘောများ ၊ ရေငုပ်သင်္ဘောများနှင့် လေယာဉ်ပျံများ ပျောက်ဆုံးမှုသည် ဘာမြူဒါတြိဂံထက်ပင် ပို၍များလေသည် ... ။
ဤနေရာတွင်လည်း ပြန်ပေးဆွဲခံရသူအများစုမှာ ပညာရှင်များ ၊ ကျွမ်းကျင်သော ကပ္ပတိန်နှင့် လေယာဉ်မှူးများ ဖြစ်ကြသည် ... စိုးရိမ်ရသောအချက်တစ်ချက်မှာ ပျောက်ဆုံးသွားသောသင်္ဘောနှင့် ရေငုပ်သင်္ဘောတို့တွင် အနုမြူလောင်စာအပြည့်တင်ထားသောသင်္ဘောများလည်း ပါဝင်နေသည်ဟူသောအချက်ဖြစ်သည် ... ။
မကောင်းဆိုးဝါးပင်လယ်တည်နေရာ
======================
ဤဒေသသည် ပစိဖိတ်သမုဒ္ဒရာတွင်ရှိပြီး ဂျပန်နှင့်ဖိလစ်ပိုင်ဒေသတွင် ရှိပေသည် ... ဂျပန်နိုင်ငံဆိပ်ကမ်းမြို့ ယိုကိုဟားမားမှ ဖိလစ်ပိုင်ရှိ ဂူအမ်ကျွမ်းအထိ ၊ တစ်ဖန်၎င်းမှ ဂျပန်နိုင်ငံ မာရိယာနာကျွန်းအထိ ၊ တဖန်၎င်းမှ ယိုကိုဟားမားအထိ ဖြစ်ပေသည် ... မာရီယာနာကျွန်းကို ဒုတိယကမ္ဘာစစ်တွင် အမေရိကန်က သိမ်းပိုက်ခဲ့သည် ... ထိုပင်လယ်ကို ဂျပန်လူမျိုးတို့က 'မာနူအုမီ' ဟုခေါ်ကြပြီး အဓိပ္ပာယ်မှာ 'မကောင်းဆိုးဝါးပင်လယ်' ၊ 'ရှိုင်သွာန်၏ပင်လယ်' ဟူ၍ဖြစ်ပေသည် ... ။
ဘာမြူဒါတြိဇုန်နှင့် မကောင်းဆိုးဝါးပင်လယ်ကို လေ့လာစမ်းစစ်သူများအနက် တစ်ဦးဖြစ်သူ ချာလ်စ်ဘဇ်က မိမိပြုစုထားသော THE DRAGON'S TRIANGLE စာအုပ်တွင် ရေးသားထားသည်မှာ ' (၁၉၅၂)ခုနှစ်မှ (၁၉၅၄)အထိ ဂျပန်စစ်သင်္ဘောကြီး(၅)စီး ဤဒေသတွင်ပျောက်ဆုံးခဲ့သည် ... ၎င်းသင်္ဘော(၅)စီးတွင် လူ(၇၀၀)ကျော်ပါသွားခဲ့သည် ... ထိုအံ့ဖွယ် ပဟေဠိကို အဖြေရှာရန်အတွက် ဂျပန်အစိုးရက သိပ္ပံပညာရှင်ပေါင်း(၁၀၀)ကျော်ပါဝင်သော သင်္ဘောတစ်စီး ထိုဒေသသို့ စေလွှတ်ခဲ့လေသည် ... သို့သော်လည်း ပဟေဋ္ဌိကို အဖြေညှိမည့်သူများ ကိုယ်တိုင်ပဟေဋ္ဌိဖြစ်သွားခဲ့ရလေသည် ... သိပ္ပံပညာရှင်များအားလုံး သင်္ဘောနှင့်အတူပျောက်ဆုံးသွားခဲ့လေသည် ... ထို့နောက်တွင် ဂျပန်အစိုးရက ထိုဒေသအား အန္တရာယ်ရှိသောဒေသအဖြစ် သတ်မှတ်လိုက်သည် ... ။
ဒုတိယကမ္ဘာစစ်တွင်လည်း ဂျပန်လေယာဉ်တင်သင်္ဘော(၅)စီး ပျောက်ဆုံးခဲ့ရသည် ... ထို့အပြင် လေယာဉ်အစီး(၃၄၀) ၊ စစ်သင်္ဘော(၁၀)စီး ၊ စစ်သုံးလှေ(၁၀)စီး ၊ speed boat (၉)စီးနှင့် လေယာဉ်ငယ် အစီး(၄၀၀) ဤဒေသတွင်ပျောက်ဆုံးခဲ့ရသည် ... စစ်ကာလအတွင်းရှိ ဤဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ရန်သူမဟာမိတ်တပ်များက ပြုလုပ်ခဲ့သည်ဟု အသင်ထင်နိုင်ပေသည် ... သို့သော် ဤရေတပ်၏ ဖော်ပြပါဆုံးရှုံးမှုများသည် မည်သည့်အရေးကိစ္စမှမဖြစ်ပေါ်ပဲ ပျောက်ဆုံးခဲ့ရခြင်းဖြစ်သည် ... ထိုအချိန်က ထိုနေရာသို့ အမေရိကန်စစ်သင်္ဘောများသည်လည်းကောင်း ၊ ဗြိတိသျှစစ်သင်္ဘောများသည်လည်းကောင်း ရောက်ရှိခဲ့ခြင်း မရှိပေ ... ။
ကျွမ်းကျင်သူများ၏ မှတ်ချက်အရ ဤဆုံးရှုံးမှုများသည် မည်သည့်ရန်သူတစ်ဦးတစ်ယောက်၏လက်ချက်မှ မဟုတ်ခဲ့ပေ ... ။
စမ်းစစ်သူတစ်ဦးကပြောသည်မှာ - " It is extremely doubtful that they were sunken by enemy action because they were in home waters and there were no British or American ships in these waters during the beginning of the war."
" ရန်သူတို့က ထိုသင်္ဘောများကို နှစ်မြုပ်လိုက်ခြင်း ဟူသည်မှာ အလွန်သံသယဖြစ်ဖွယ်ရာပင်ဖြစ်သည် ... အဘယ်ကြောင့်ဆိုသော် ထိုသင်္ဘောများသည် မိမိတို့၏ရေပိုင်နက်အတွင်း၌ ရှိနေကြပြီး စစ်ပွဲအစတွင် ထိုနေရာသို့ အမေရိကန်နှင့် ဗြိတိသျှစစ်သင်္ဘောများလည်း မရောက်ရှိခဲ့ကြပေ ... ။
သို့ရှိရာ ထိုဒေသတွင် ပုန်းလျှိုးနေသော အင်အားတစ်ခုရှိနေပြီး ၎င်းသည်ထိုစစ်ပွဲ၌ အမေရိကန်နှင့်မဟာမိတ်တို့၏ အောင်မြင်မှုကို လိုလားနေသည်ဟူ၍ပင် ပြောဆိုနိုင်ကောင်းပေသည် ... ။
ဘာမြူဒါအန္တရာယ်ဇုန်နှင့် မကောင်းဆိုးဝါးပင်လယ်တို့တွင် ဤမျှလောက် တူညီမှုများရှိနေပြီး ၎င်းကို တိုက်ဆိုင်မှုဟုယူဆခြင်းမှာ လုံးဝမဖြစ်နိုင်ပေ ... ။
Credit to ; သျှားဝဏ္ဏ
Monday, June 20, 2016
ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံ နှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၄)
"ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံနှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၄)"
ပထမအခန်း
========
"ဗစ္စမစ်လ္လာဟစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်"
မကောင်းဆိုးဝါးပင်လယ် ၊ ဘာမြူဒါတြိဂံဇုန်နှင့်
=============================
ပန်းကန်ပြားပျံများ
===========
ခေါင်းစဉ်ပါ အကြောင်းအရာသည် ကြားသိနေရသည်၊ ဖတ်မိနေရသည် ... ယင်းအကြောင်းအရာများတွင် ပုံပြင်ဆန်ဆန် အဖြစ်အပျက်များ ၊ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များနှင့် သမိုင်းအထောက်အထားများ ရောထွေးနေသဖြင့် ဖတ်ရှုရသူအနေနှင့် မှန်ကန်သောရလဒ်တစ်ခု မရရှိနိုင်ပေ ... သို့သာမက မသိစိတ်အတွင်း သိရှိလိုသောစိတ်အနည်းငယ် ၊ ကြောက်ရွံ့မှုအနည်းငယ် ၊ အမှန်တရားအသစ် အနည်းငယ်နှင့် ပုံဝတ္တုဆန်မှုအနည်းငယ်တို့ ခံစားရရှိစေသည် ... ။
အမှန်တရားသည်အဘယ်သို့နည်း ... ဤကဲ့သို့သောအရာများနှင့်ပတ်သက်၍ မွတ်စ်လင်မ်တစ်ယောက်အနေဖြင့် မည်သည့်အမြင်ဖြင့်ကြည့်ရမည်နည်း ... ထိုဒေသများနှင့်ပတ်သက်ပြီး ကမ္ဘာသို့တင်ပြထားသော အချက်တို့သည် အမှန်တရားများပင်လော သို့မဟုတ် ပုံပြင်အဆင့်တွင်ရှိသော အကြောင်းအရာများပင်လော ... အကယ်၍ အမှန်တရားဟုဆိုပါက လူပေါင်းများစွာ ၊ သင်္ဘောပေါင်းများစွာ ပျောက်ကွယ်သွားရလောက်အောင် ထိုရေအတွင်း၌ မည်သို့သောအရာ ရှိပေသနည်း ... ၎င်းသည် အစ်ဗ်လီးစ်နှင့် အဆက်အသွယ်ရှိပေသလော ... သို့မဟုတ် ဒဂ်ျဂျာလ်သည် ထိုဒေသတွင် ရှိနေပေသလော ... ။
အလွန်ကြီးမားလှသော သင်္ဘောကြီးများသည် ငြိမ်သက်လျက်ရှိသော ပင်လယ်ပြင်တွင် ချွတ်ယွင်းမှုမရှိပဲ ၊ မတော်တဆမှုမရှိပဲ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ၊ တခါတရံ ခရီးသည်များလွတ်မြောက်ပြီး သင်္ဘောပြန်ပေးဆွဲခံရခြင်း ၊ တခါတရံ သင်္ဘောလွတ်မြောက်လာပြီး ခရီးသည်များ ပြန်ပေးဆွဲခံရခြင်း ၊ ပျံသန်းနေသောလေယာဉ်ပျံများ ရုတ်တရက်ပျောက်ကွယ်သွားခြင်း စသည့်အဖြစ်အပျက်များနှင့်ပတ်သက်၍ ယနေ့အထိ စိတ်ကျေနပ်လောက်သောအဖြေ မရရှိသေးပေ ... ။
ထိုသို့ သင်္ဘောများ ၊ လေယာဉ်ပျံများ ပျောက်ကွယ်သွားမှုသည် အလွန်လျင်မြန်လှပြီး သင်္ဘောကပ္ပတိန်နှင့် လေယာဉ်မှုး(ပိုင်းလော့) အနေဖြင့် အရေးပေါ်အကြောင်းကြားရန် အချိန်ပင်မရရှိလိုက်ပေ ... ထို့ထက်ပို၍ အံ့သြဖွယ်ရာကောင်းသောအချက်မှာ ပျောက်ဆုံးသွားသောသင်္ဘော ၊ လေယာဉ်ပျံနှင့် ခရီးသည်များအား အစအနပင် ရှာဖွေ၍ မတွေ့ရှိတော့ခြင်းပင် ဖြစ်လေသည် ... ။
အချို့ကျွမ်းကျင်သူများက ဤသို့အဖြေပေးရန် ကြိုးစားကြလေသည် ... ပင်လယ်တွင် ပြင်းထန်သောမုန်တိုင်းကြောင့် သင်္ဘောသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး လေက ထိုအစိတ်အပိုင်းတို့အား အလွန်ဝေးကွာသောနေရာသို့ ရောက်ရှိစေလေသည် ... သို့သော် ဤအဖြေကို လူသား၏ဦးနှောက်က လက်မခံပေ ... အဘယ်ကြောင့်ဆိုသော် ခေတ်သစ်နည်းပညာခေတ်တွင် ကျွမ်းကျင်သူများအနေဖြင့် ပင်လယ်၏ အလွန်နက်ရှိုင်းသောနေရာအထိ ရောက်ရှိကြပြီး ငါးနှင့် အခြားရေသတ္တဝါတို့၏ခန္ဓာကိုယ်တွင် ကာမယ်ရာများတပ်ဆင်၍ ၎င်းတို့၏လှုပ်ရှားမှုများကို စောင့်ကြည့်နေကြပေသည် ... သို့ရှိရာ ဘာမြူဒါတြိဂံတွင် ပျောက်ဆုံးသွားသော သင်္ဘောကြီးများကို ရှာဖွေ၍ မတွေ့နိုင်ပြီလော ... ။
ထို့အပြင် အလွန်အရေးပါသော အချက်တစ်ရပ်မှာ ထိုဒေသအတွင်းပြန်ပေးဆွဲခံရသော သင်္ဘောကပ္ပတိန် ၊ လေယာဉ်ပိုင်းလော့နှင့် ခရီးသည်များကို စမ်းစစ်ကြည့်ပါက ၎င်းတို့သည် မိမိခေတ်၏ ကျွမ်းကျင်သောပညာရှင်များသာဖြစ်ကြပေသည် ... ထို့ထက်မက ထိုအဖြစ်အပျက်များ ဖြစ်ပွားချိန်သည် နေ့အချိန်များ၌သာဖြစ်ကြပြီး ရာသီဥတုလည်း ကောင်းမွန်နေချိန်တွင်သာ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်ပေသည် ... လေယာဉ်နှင့်သင်္ဘောတို့သည် မိမိတို့၏ဗဟိုစခန်းနှင့် ရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားပြီး တစ်ဦးတစ်ယာက်က ရေဒီယိုဆက်သွယ်ရေးစနစ်ကိုပါ ဖြတ်တောက်ပစ်လိုက်ဟန်ရှိပေသည် ... ။
မကောင်းဆိုးဝါးပင်လယ်နှင့် ဘာမြူဒါတြိဂံဒေသတို့တွင် အလွန်လျှို့ဝှက်သော ဆွဲငင်အားတစ်ခုရှိကြောင်းကိုမူ စမ်းစစ်သူများက တညီတညွတ်တည်း ဆိုထားကြပေသည် ... ထိုဒေသများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ များသည်ထက် များပြားလာသည် ... မွတ်စ်လင်မ်စမ်းစစ်သူအချို့၏ယူဆချက်မှာ - ဒဂ်ျဂျာလ်သည် ထိုဒေသတွင် လျှို့ဝှက်စခန်းများတည်ဆောက်ပြီး လောက၏အစီအမံများကို ထိန်းချုပ်နေသည် ... ရှေ့တွင်ဆက်လက်၍ အကျယ်တဝင့်ဖော်ပြပါမည် ... ။
Credit to ; သျှားဝဏ္ဏ