"ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံနှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၅)"
Dragon's Triangle or Devil Sea
နဂါးတြိဂံ သို့မဟုတ် မကောင်းဆိုးဝါးပင်လယ်
============================
ဘာမြူဒါတြိဂံကို လူသိများကြသော်လည်း ၎င်းကဲ့သို့ပင် လျှို့ဝှက်ချက်များဖြင့် ပြည့်နေသော ၊ ဘေးအန္တရာယ်တို့၏ ဗဟိုဖြစ်နေသော ဂျပန်နိုင်ငံ၏ နဂါးတြိဂံဇုန် သို့မဟုတ် မကောင်းဆိုးဝါးပင်လယ်နှင့်ပတ်သက်၍ လူသိနည်းကြပေသည် ... ဂျပန်တို့အနေဖြင့် ၎င်း၏အကြောင်းကို ကောင်းစွာသိရှိထားကြပြီး ဂျပန်အစိုးရကလည်း ထိုအန္တရာယ်ဇုန်မှ ဝေးစွာနေရန် အမိန့်ထုတ်ပြန်ထားပေသည် ... ဘာမြူဒါတြိဂံဇုန်ကဲ့သို့ပင် ဤနေရာတွင်လည်း သင်္ဘောများ ၊ ရေငုပ်သင်္ဘောများနှင့် လေယာဉ်ပျံများ ပျောက်ဆုံးမှုသည် ဘာမြူဒါတြိဂံထက်ပင် ပို၍များလေသည် ... ။
ဤနေရာတွင်လည်း ပြန်ပေးဆွဲခံရသူအများစုမှာ ပညာရှင်များ ၊ ကျွမ်းကျင်သော ကပ္ပတိန်နှင့် လေယာဉ်မှူးများ ဖြစ်ကြသည် ... စိုးရိမ်ရသောအချက်တစ်ချက်မှာ ပျောက်ဆုံးသွားသောသင်္ဘောနှင့် ရေငုပ်သင်္ဘောတို့တွင် အနုမြူလောင်စာအပြည့်တင်ထားသောသင်္ဘောများလည်း ပါဝင်နေသည်ဟူသောအချက်ဖြစ်သည် ... ။
မကောင်းဆိုးဝါးပင်လယ်တည်နေရာ
======================
ဤဒေသသည် ပစိဖိတ်သမုဒ္ဒရာတွင်ရှိပြီး ဂျပန်နှင့်ဖိလစ်ပိုင်ဒေသတွင် ရှိပေသည် ... ဂျပန်နိုင်ငံဆိပ်ကမ်းမြို့ ယိုကိုဟားမားမှ ဖိလစ်ပိုင်ရှိ ဂူအမ်ကျွမ်းအထိ ၊ တစ်ဖန်၎င်းမှ ဂျပန်နိုင်ငံ မာရိယာနာကျွန်းအထိ ၊ တဖန်၎င်းမှ ယိုကိုဟားမားအထိ ဖြစ်ပေသည် ... မာရီယာနာကျွန်းကို ဒုတိယကမ္ဘာစစ်တွင် အမေရိကန်က သိမ်းပိုက်ခဲ့သည် ... ထိုပင်လယ်ကို ဂျပန်လူမျိုးတို့က 'မာနူအုမီ' ဟုခေါ်ကြပြီး အဓိပ္ပာယ်မှာ 'မကောင်းဆိုးဝါးပင်လယ်' ၊ 'ရှိုင်သွာန်၏ပင်လယ်' ဟူ၍ဖြစ်ပေသည် ... ။
ဘာမြူဒါတြိဇုန်နှင့် မကောင်းဆိုးဝါးပင်လယ်ကို လေ့လာစမ်းစစ်သူများအနက် တစ်ဦးဖြစ်သူ ချာလ်စ်ဘဇ်က မိမိပြုစုထားသော THE DRAGON'S TRIANGLE စာအုပ်တွင် ရေးသားထားသည်မှာ ' (၁၉၅၂)ခုနှစ်မှ (၁၉၅၄)အထိ ဂျပန်စစ်သင်္ဘောကြီး(၅)စီး ဤဒေသတွင်ပျောက်ဆုံးခဲ့သည် ... ၎င်းသင်္ဘော(၅)စီးတွင် လူ(၇၀၀)ကျော်ပါသွားခဲ့သည် ... ထိုအံ့ဖွယ် ပဟေဠိကို အဖြေရှာရန်အတွက် ဂျပန်အစိုးရက သိပ္ပံပညာရှင်ပေါင်း(၁၀၀)ကျော်ပါဝင်သော သင်္ဘောတစ်စီး ထိုဒေသသို့ စေလွှတ်ခဲ့လေသည် ... သို့သော်လည်း ပဟေဋ္ဌိကို အဖြေညှိမည့်သူများ ကိုယ်တိုင်ပဟေဋ္ဌိဖြစ်သွားခဲ့ရလေသည် ... သိပ္ပံပညာရှင်များအားလုံး သင်္ဘောနှင့်အတူပျောက်ဆုံးသွားခဲ့လေသည် ... ထို့နောက်တွင် ဂျပန်အစိုးရက ထိုဒေသအား အန္တရာယ်ရှိသောဒေသအဖြစ် သတ်မှတ်လိုက်သည် ... ။
ဒုတိယကမ္ဘာစစ်တွင်လည်း ဂျပန်လေယာဉ်တင်သင်္ဘော(၅)စီး ပျောက်ဆုံးခဲ့ရသည် ... ထို့အပြင် လေယာဉ်အစီး(၃၄၀) ၊ စစ်သင်္ဘော(၁၀)စီး ၊ စစ်သုံးလှေ(၁၀)စီး ၊ speed boat (၉)စီးနှင့် လေယာဉ်ငယ် အစီး(၄၀၀) ဤဒေသတွင်ပျောက်ဆုံးခဲ့ရသည် ... စစ်ကာလအတွင်းရှိ ဤဆုံးရှုံးမှုများနှင့်ပတ်သက်ပြီး ရန်သူမဟာမိတ်တပ်များက ပြုလုပ်ခဲ့သည်ဟု အသင်ထင်နိုင်ပေသည် ... သို့သော် ဤရေတပ်၏ ဖော်ပြပါဆုံးရှုံးမှုများသည် မည်သည့်အရေးကိစ္စမှမဖြစ်ပေါ်ပဲ ပျောက်ဆုံးခဲ့ရခြင်းဖြစ်သည် ... ထိုအချိန်က ထိုနေရာသို့ အမေရိကန်စစ်သင်္ဘောများသည်လည်းကောင်း ၊ ဗြိတိသျှစစ်သင်္ဘောများသည်လည်းကောင်း ရောက်ရှိခဲ့ခြင်း မရှိပေ ... ။
ကျွမ်းကျင်သူများ၏ မှတ်ချက်အရ ဤဆုံးရှုံးမှုများသည် မည်သည့်ရန်သူတစ်ဦးတစ်ယောက်၏လက်ချက်မှ မဟုတ်ခဲ့ပေ ... ။
စမ်းစစ်သူတစ်ဦးကပြောသည်မှာ - " It is extremely doubtful that they were sunken by enemy action because they were in home waters and there were no British or American ships in these waters during the beginning of the war."
" ရန်သူတို့က ထိုသင်္ဘောများကို နှစ်မြုပ်လိုက်ခြင်း ဟူသည်မှာ အလွန်သံသယဖြစ်ဖွယ်ရာပင်ဖြစ်သည် ... အဘယ်ကြောင့်ဆိုသော် ထိုသင်္ဘောများသည် မိမိတို့၏ရေပိုင်နက်အတွင်း၌ ရှိနေကြပြီး စစ်ပွဲအစတွင် ထိုနေရာသို့ အမေရိကန်နှင့် ဗြိတိသျှစစ်သင်္ဘောများလည်း မရောက်ရှိခဲ့ကြပေ ... ။
သို့ရှိရာ ထိုဒေသတွင် ပုန်းလျှိုးနေသော အင်အားတစ်ခုရှိနေပြီး ၎င်းသည်ထိုစစ်ပွဲ၌ အမေရိကန်နှင့်မဟာမိတ်တို့၏ အောင်မြင်မှုကို လိုလားနေသည်ဟူ၍ပင် ပြောဆိုနိုင်ကောင်းပေသည် ... ။
ဘာမြူဒါအန္တရာယ်ဇုန်နှင့် မကောင်းဆိုးဝါးပင်လယ်တို့တွင် ဤမျှလောက် တူညီမှုများရှိနေပြီး ၎င်းကို တိုက်ဆိုင်မှုဟုယူဆခြင်းမှာ လုံးဝမဖြစ်နိုင်ပေ ... ။
Credit to ; သျှားဝဏ္ဏ
Tuesday, June 21, 2016
ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ်၊ ဘာမြူဒါတြိဂံ နှင့်မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၅)
Labels:
ဒဂ်ျဂျာလ်အကြောင်း
Location:
Mandalay, Mandalay, 中国
Subscribe to:
Post Comments (Atom)
No comments:
Post a Comment