"ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံနှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၄)"
ပထမအခန်း
========
"ဗစ္စမစ်လ္လာဟစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်"
မကောင်းဆိုးဝါးပင်လယ် ၊ ဘာမြူဒါတြိဂံဇုန်နှင့်
=============================
ပန်းကန်ပြားပျံများ
===========
ခေါင်းစဉ်ပါ အကြောင်းအရာသည် ကြားသိနေရသည်၊ ဖတ်မိနေရသည် ... ယင်းအကြောင်းအရာများတွင် ပုံပြင်ဆန်ဆန် အဖြစ်အပျက်များ ၊ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များနှင့် သမိုင်းအထောက်အထားများ ရောထွေးနေသဖြင့် ဖတ်ရှုရသူအနေနှင့် မှန်ကန်သောရလဒ်တစ်ခု မရရှိနိုင်ပေ ... သို့သာမက မသိစိတ်အတွင်း သိရှိလိုသောစိတ်အနည်းငယ် ၊ ကြောက်ရွံ့မှုအနည်းငယ် ၊ အမှန်တရားအသစ် အနည်းငယ်နှင့် ပုံဝတ္တုဆန်မှုအနည်းငယ်တို့ ခံစားရရှိစေသည် ... ။
အမှန်တရားသည်အဘယ်သို့နည်း ... ဤကဲ့သို့သောအရာများနှင့်ပတ်သက်၍ မွတ်စ်လင်မ်တစ်ယောက်အနေဖြင့် မည်သည့်အမြင်ဖြင့်ကြည့်ရမည်နည်း ... ထိုဒေသများနှင့်ပတ်သက်ပြီး ကမ္ဘာသို့တင်ပြထားသော အချက်တို့သည် အမှန်တရားများပင်လော သို့မဟုတ် ပုံပြင်အဆင့်တွင်ရှိသော အကြောင်းအရာများပင်လော ... အကယ်၍ အမှန်တရားဟုဆိုပါက လူပေါင်းများစွာ ၊ သင်္ဘောပေါင်းများစွာ ပျောက်ကွယ်သွားရလောက်အောင် ထိုရေအတွင်း၌ မည်သို့သောအရာ ရှိပေသနည်း ... ၎င်းသည် အစ်ဗ်လီးစ်နှင့် အဆက်အသွယ်ရှိပေသလော ... သို့မဟုတ် ဒဂ်ျဂျာလ်သည် ထိုဒေသတွင် ရှိနေပေသလော ... ။
အလွန်ကြီးမားလှသော သင်္ဘောကြီးများသည် ငြိမ်သက်လျက်ရှိသော ပင်လယ်ပြင်တွင် ချွတ်ယွင်းမှုမရှိပဲ ၊ မတော်တဆမှုမရှိပဲ ရုတ်တရက် ပျောက်ကွယ်သွားခြင်း ၊ တခါတရံ ခရီးသည်များလွတ်မြောက်ပြီး သင်္ဘောပြန်ပေးဆွဲခံရခြင်း ၊ တခါတရံ သင်္ဘောလွတ်မြောက်လာပြီး ခရီးသည်များ ပြန်ပေးဆွဲခံရခြင်း ၊ ပျံသန်းနေသောလေယာဉ်ပျံများ ရုတ်တရက်ပျောက်ကွယ်သွားခြင်း စသည့်အဖြစ်အပျက်များနှင့်ပတ်သက်၍ ယနေ့အထိ စိတ်ကျေနပ်လောက်သောအဖြေ မရရှိသေးပေ ... ။
ထိုသို့ သင်္ဘောများ ၊ လေယာဉ်ပျံများ ပျောက်ကွယ်သွားမှုသည် အလွန်လျင်မြန်လှပြီး သင်္ဘောကပ္ပတိန်နှင့် လေယာဉ်မှုး(ပိုင်းလော့) အနေဖြင့် အရေးပေါ်အကြောင်းကြားရန် အချိန်ပင်မရရှိလိုက်ပေ ... ထို့ထက်ပို၍ အံ့သြဖွယ်ရာကောင်းသောအချက်မှာ ပျောက်ဆုံးသွားသောသင်္ဘော ၊ လေယာဉ်ပျံနှင့် ခရီးသည်များအား အစအနပင် ရှာဖွေ၍ မတွေ့ရှိတော့ခြင်းပင် ဖြစ်လေသည် ... ။
အချို့ကျွမ်းကျင်သူများက ဤသို့အဖြေပေးရန် ကြိုးစားကြလေသည် ... ပင်လယ်တွင် ပြင်းထန်သောမုန်တိုင်းကြောင့် သင်္ဘောသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး လေက ထိုအစိတ်အပိုင်းတို့အား အလွန်ဝေးကွာသောနေရာသို့ ရောက်ရှိစေလေသည် ... သို့သော် ဤအဖြေကို လူသား၏ဦးနှောက်က လက်မခံပေ ... အဘယ်ကြောင့်ဆိုသော် ခေတ်သစ်နည်းပညာခေတ်တွင် ကျွမ်းကျင်သူများအနေဖြင့် ပင်လယ်၏ အလွန်နက်ရှိုင်းသောနေရာအထိ ရောက်ရှိကြပြီး ငါးနှင့် အခြားရေသတ္တဝါတို့၏ခန္ဓာကိုယ်တွင် ကာမယ်ရာများတပ်ဆင်၍ ၎င်းတို့၏လှုပ်ရှားမှုများကို စောင့်ကြည့်နေကြပေသည် ... သို့ရှိရာ ဘာမြူဒါတြိဂံတွင် ပျောက်ဆုံးသွားသော သင်္ဘောကြီးများကို ရှာဖွေ၍ မတွေ့နိုင်ပြီလော ... ။
ထို့အပြင် အလွန်အရေးပါသော အချက်တစ်ရပ်မှာ ထိုဒေသအတွင်းပြန်ပေးဆွဲခံရသော သင်္ဘောကပ္ပတိန် ၊ လေယာဉ်ပိုင်းလော့နှင့် ခရီးသည်များကို စမ်းစစ်ကြည့်ပါက ၎င်းတို့သည် မိမိခေတ်၏ ကျွမ်းကျင်သောပညာရှင်များသာဖြစ်ကြပေသည် ... ထို့ထက်မက ထိုအဖြစ်အပျက်များ ဖြစ်ပွားချိန်သည် နေ့အချိန်များ၌သာဖြစ်ကြပြီး ရာသီဥတုလည်း ကောင်းမွန်နေချိန်တွင်သာ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်ပေသည် ... လေယာဉ်နှင့်သင်္ဘောတို့သည် မိမိတို့၏ဗဟိုစခန်းနှင့် ရုတ်တရက်အဆက်အသွယ်ပြတ်တောက်သွားပြီး တစ်ဦးတစ်ယာက်က ရေဒီယိုဆက်သွယ်ရေးစနစ်ကိုပါ ဖြတ်တောက်ပစ်လိုက်ဟန်ရှိပေသည် ... ။
မကောင်းဆိုးဝါးပင်လယ်နှင့် ဘာမြူဒါတြိဂံဒေသတို့တွင် အလွန်လျှို့ဝှက်သော ဆွဲငင်အားတစ်ခုရှိကြောင်းကိုမူ စမ်းစစ်သူများက တညီတညွတ်တည်း ဆိုထားကြပေသည် ... ထိုဒေသများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ များသည်ထက် များပြားလာသည် ... မွတ်စ်လင်မ်စမ်းစစ်သူအချို့၏ယူဆချက်မှာ - ဒဂ်ျဂျာလ်သည် ထိုဒေသတွင် လျှို့ဝှက်စခန်းများတည်ဆောက်ပြီး လောက၏အစီအမံများကို ထိန်းချုပ်နေသည် ... ရှေ့တွင်ဆက်လက်၍ အကျယ်တဝင့်ဖော်ပြပါမည် ... ။
Credit to ; သျှားဝဏ္ဏ
Monday, June 20, 2016
ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံ နှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၄)
Labels:
ဒဂ်ျဂျာလ်အကြောင်း
Location:
Mandalay, Mandalay, 中国
Subscribe to:
Post Comments (Atom)
No comments:
Post a Comment