Tuesday, June 21, 2016

ကမ္ဘာဖျက်​မိစ္ဆာဒဂ်ျ​ဂျာလ်​ ၊ ဘာမြူဒါတြိဂံ နှင့်​ မ​ကောင်းဆိုးဝါးပင်​လယ်​ - အပိုင်း (၆)

"ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံနှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၆)"

ပန်းတိုင်မဲ့သင်္ဘောများ
==============

ထိုဒေသတွင်ပျောက်ဆုံးသွားသော ယာဉ်များနှင့်ပတ်သက်ပြီး ထင်ရှားသောအဖြစ်အပျက်များမှာ အောက်ပါအတိုင်းဖြစ်လေသည် ... ။

၁။  ဂျပန် ဓာတ်ဆီတင်သင်္ဘော ယာယိုမာရူ-၅ ၊ သင်္ဘောသား (၂၁)ဦး နှင့်အတူ ၊ ဓာတ်ဆီ တန်(၅၀၀)တင်ဆောင်လျက် ၊ သိပ္ပံပညာရှင် (၉)ဦး တင်ဆောင်ထားပြီး (၁၉၅၂)ခု ၊ စက်တင်ဘာလ(၂၄)ရက်တွင် နောက်ဆုံးအဆက်အသွယ်ရရှိပြီးနောက် ပျောက်ဆုံးသွားခဲ့သည် ... ။

၂။  ဂျပန် ကုန်တင်သင်္ဘော ကိုရိုရှီယိုမာရို-၂ ၊ ကုန်တန်ချိန်(၁၅၂၅)တန် တင်ဆောင်လျက် (၁၉၄၉)ခု ၊ ဧပြီလ (၂၂)ရက်တွင် နောက်ဆုံးအဆက်အသွယ်ရခဲ့ပြီး သင်္ဘောသားအားလုံးနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။

၃။  ပြင်သစ်သင်္ဘော ဂျီယာနီယူမ် ၊ သင်္ဘောသား (၂၉)ယောက်နှင့်အတူ (၁၉၇၄)ခု ၊ နိုဝက်ဘာလ (၂၄)ရက်နေ့တွင် ရာသီဥတုသာယာကြောင်း သတင်းပို့ပြီးသည့်နောက်တွင် ပျောက်ဆုံးသွားခဲ့သည် ... ။

၎။  လိုင်ဘေးရီးယား ကုန်တင်သင်္ဘော ဘာနာလိုနာသည် ကုန်တန်ချိန် (၁၃၆၁၆)တန် တင်ဆောင်ပြီး သင်္ဘောသား(၃၅)ယောက်နှင့်အတူ (၁၉၇၁)ခု နိုဝင်ဘာလတွင် ပျောက်ဆုံးသွားခဲ့သည် ... ။

၅။  လိုင်ဘေးရီးယား ကုန်တင်သင်္ဘော မတ်စ်ဂျိုစာရ် ၊ ထိုဒေ၌ခုတ်မောင်းနေစဉ် ရုတ်တရက် မီးလောက်ကျွမ်းခဲ့သည် ... သင်္ဘောအတွင်းမှမဟုတ်ပဲ သင်္ဘောပတ်လည်ရှိ ရေလှိုင်းများအတွင်း မီးတောက်များ ပါဝင်လာခဲ့ခြင်းဖြစ်သည် ... မျက်မြင်သက်သေများက ထိုအချိန်မှာပင် မှတ်တမ်းတင်ခဲ့ကြသည် ... အံ့သြဖွယ်ကောင်းသောအချက်မှာ သင်္ဘောသို့ဝန်းရံလာသောမီးတောက်သည် တြိဂံပုံဖြစ်လေသည် ... သင်္ဘောသား(၂၄)ယောက်ပါဝင်ပြီး ဤအဖြစ်အပျက်သည် (၁၉၈၇)ခု မတ်လတွင် ဖြစ်ပျက်ခဲ့သည် ... ။

၆။  ကုန်တင်သင်္ဘော ဆိုဖီယာ ဗာဗားစ်သည် တိုကျိုဆိပ်ကမ်းမှ ထွက်ခွာလာပြီး အချိန်အနည်းငယ်အကြာတွင် နှစ်ပိုင်းပြတ်သွားခဲ့သည် ... သင်္ဘောမှာမူ နစ်မြုပ်သွားခြင်းမရှိခဲ့ပေ ... ။ ဤသို့သင်္ဘောကို နှစ်ပိုင်းပြတ်အောင် မည်သည့်အင်အားက ပြုလုပ်သည် ၊ မည်သည့်နည်းပညာဖြင့် ပြုလုပ်သည်ကို ယနေ့အထိ အဖြေရှာ၍မရသေးပေ ... ။

၇။  ယူနန်ကုန်တင်သင်္ဘော အဂျိဝပ်စ်ဂျီဝါဂျီးစ်သည် ကုန်တန်ချိန် (၁၆၅၆၅)တန် တင်ဆောင်လျက် သင်္ဘောသား(၂၉)ဦးနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။

ရေငုပ်သင်္ဘောများပျောက်ဆုံးမှု
====================

သင်္ဘောများပျောက်ဆုံးခြင်းနှင့်ပတ်သက်ပြီး နစ်မြုပ်သွားသည်ဟု အသင့်အနေနှင့် ပြောဆိုနိုင်ပေမည် ... သို့သော် စနစ်သစ်ရေငုပ်သင်္ဘောများတွင် ကြိုးမဲ့ဆက်သွယ်ရေးစနစ်အသစ် ပါရှိသည်ဖြစ်ပြီး ၊ အနုမြူစွမ်းအင်အသုံးပြုထားသည်ဖြစ်ရာ ထိုရေငုပ်သင်္ဘောများ အကြောင်းမဲ့ပျက်စီးသွားခြင်းနှင့် ပတ်သက်ပြီး ပေးသောအသျှင်က ပြန်လည်ရုပ်သိမ်းလိုက်သည်ဟုသာ ပြောရမည်ကဲ့သို့ဖြစ်ပေသည် ... ။

၁။  (၁၉၈၄)တွင် ရုရှားအနုမြူစွမ်းအင်သုံးရေငုပ်သင်္ဘော victor-1 သင်္ဘောသားများနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။

၂။  နောက်ထပ်(၅)လကြာပြီးနောက် ရုရှားအနုမြူစွမ်းအင်သုံး Echo-1ရေငုပ်သင်္ဘော ၊ သင်္ဘောသားများနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။

၃။  (၁၉၈၆) ၊ ဇန်နဝါရီလတွင် ရုရှားအနုမြူစွမ်းအင်သုံး Echo-2 ရေငုပ်သင်္ဘော ပျောက်ဆုံးသွားခဲ့သည် ... ။

၎။  (၁၉၈၆)ခု ၊ ဧပြီလတွင် ရုရှားအနုမြူစွမ်းအင်သုံး Julof-1 ပျောက်ဆုံးသွားခဲ့သည် ... သင်္ဘောသား(၈၆)ဦးပါဝင်ပြီး အနုမြူလောင်စာ(၈၀၀)ကီလိုဂရမ် တင်ဆောင်ထားခဲ့သည် ... ။

၅။  ပြင်သစ်အနုမြူစွမ်းအင်သုံးရေငုပ်သင်္ဘော ချာလီသည် သင်္ဘောသား(၉၀)ဦးနှင့်အတူ (၁၉၈၄)စက်တင်ဘာလတွင် ပျောက်ဆုံးသွားခဲ့သည် ... ။

၆။  ဗြိတိသျှရေငုပ်သင်္ဘော ဖော့စ်တာဗလ်သည် (၁၉၈၆)ခု နိုဝင်ဘာလတွင် သင်္ဘောများနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ။

မကောင်းဆိုးဝါးပင်လယ်၏ဝေဟင်ထက်တွင်
===========================
ပျောက်ဆုံးခဲ့သောလေယာဉ်ပျံများ
=====================

(၁၉၅၇)ခုနှစ် ၊ မတ်လတွင် (၁၀)ရက်တာကာလအတွင်း အမေရိကန်စစ်လေယာဉ်(၃)စီး ဝန်ထမ်းများနှင့်အတူ ပျောက်ဆုံးသွားခဲ့သည် ... ထိုသို့ပျောက်ဆုံးရာတွင် လေယာဉ်မှူးများထံမှ မတော်တဆမှု သော်လည်းကောင်း ၊ စက်ချို့ယွင်းမှုသော်လည်းကောင်း အကြောင်းကြားချက် လက်ခံရရှိခဲ့ခြင်းမရှိပေ ... ထိုလေယာဉ်များမှာ (1)JD-1 (2)KB-50(3)C-97 တို့ဖြစ်သည် ... ။

ထို့အပြင် ဂျပန်စစ်လေယာဉ် P-2J သည် (၁၉၇၁)ခု ၊ ဇူလိုင်လ(၁၆)ရက်တွင်ပျောက်ဆုံးခဲ့သည် ... ၎င်းနှင့်ပတ်သက်၍လည်း လေယာဉ်မှူးထံမှ မည်သည့်အကြောင်းပြချက်မျိုးမှ လက်ခံမရရှိခဲ့ပေ ... ။

(၁၉၇၁)ခု ၊ ဧပြီလ(၂၇)ရက်တွင် ဂျပန်စစ်လေယာဉ် P2v-7 (၂)လအကြာတွင် ဂျပန်လေ့ကျင့်ရေးလေယာဉ် IM-1 ပျောက်ဆုံးသွားခဲ့သည် ... ။ ယခင်ပျောက်ဆုံးသွားခဲ့သော အမေရိကန် ခရီးသည်တင်လေယာဉ် 'ကလ်လီဖိုးနီးယား မာရူ' ကို ရှာဖွေရန် ထွက်ခွာလာသော ရှာဖွေရေးအဖွဲ့သည် ခရီးသည်တင်လယာဉ် JA-341 ကိုစီးနင်းလျက် ထိုဒေသအပေါ်မှ ပျံသန်းလျက်ရှိစဉ် ပျောက်ဆုံးသွားခဲ့သည် ... ။

Credit to ; သျှားဝဏ္ဏ


No comments:

Post a Comment