" ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံ နှင့် မကောင်းဆိုးဝါးပင်လယ် အပိုင်း- (၁) "
ကျမ်းပြုသူ၏ အမှာစကား
================
ဘာမြူဒါတြိဂံဇုန်နှင့်ပတ်သက်၍ ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ - စာဖတ်သူတို့ ဗဟုသုတတိုးတက်စေရန် မဟုတ်ပါ ... ဖစ်သ်နဟ်များနှင့်ပတ်သက်ပြီး ရစူလ်ကိုယ်တော်မြတ် (ဆွလ္လလ္လာဟို့အလိုင်ဟေ့ဝစလ္လမ်) က မိမိဆွဟာဗီသာဝကကြီးများကို သင်ကြားပေးခဲ့သည့်အချက်များအပေါ် အမလ်ပြု လိုက်နာကျင့်သုံးစေလိုခြင်းသာဖြစ်ပေသည် ... ။
ကိုယ်တော်သည် အွမ္မသ်သားများနှင့်ပတ်သက်ပြီး အလွမ်စိုးရိမ်သောက ဖြစ်ခဲ့လေသည် ... ဖစ်သ်နဟ်များနှင့်ပတ်သက်ပြီး အကြိမ်ကြိမ်သတိပေးတော်မူလေ့ရှိသည် ... သတိပေးရုံမျှသာမကပဲ ကလေးတစ်ဦးမွေဖွားလာပြီး ၎င်းတွင် ဒဂ်ျဂျာလ်၏နိမိတ်လက္ခဏာများ မြင်တွေ့ရခြင်းအပေါ် ကိုယ်တော်သည် ဆွဟာဗီသာဝကကြီးများကိုခေါ်ယူပြီး ၎င်းနေရာသို့ ကိုယ်တိုင်ကြွမြန်းသွားကာ ၎င်း၏အခြေအနေမှန်ကိုသိရှိရရန် တိတ်တဆိတ် စုံစမ်းတော်မူသည် ... ထိုနည်းတူ ဟဇရသ်အိုမရ် (ရေဿွ့ရလ္လာဟို့သအာလာအန့်ဟို့) သည် ယမန်နိုင်ငံတွင် ကြိုင်းကောင်များမရှိတော့ဟု သိရှိပြီး အလွန်သောကရောက်သွားခဲ့သည် ... အဖြစ်မှန်ကိုစုံစမ်းတော်မူခဲ့သည် ... အဘယ်ကြောင့်ဆိုသော် ကြိုင်းကောင်များပျက်သုဉ်းသွားခြင်းသည်လည်း ကေယာမသ်၏နိမိတ်လက္ခဏာများမှ ဖြစ်ပေသည် ... ။
ဘာမြူဒါတြိဂံဇုန် ၊ မကောင်းဆိုးဝါးပင်လယ်နှင့် ပန်းကန်ပြားပျံတို့အကြောင်း အင်္ဂလိပ်စာပေဖြင့် မြောက်များစွာရေးသားလျက်ရှိကြပေသည် ... သို့သော်လည်း ထိုရေးသားချက်တို့သည် အဖြစ်အပျက်များကိုဖော်ပြထားခြင်းများသာဖြစ်ပြီး အများဆုံး သိပ္ပံအနေအထားဖြင့် တင်ပြဆွေးနွေးထားခြင်းသာဖြစ်ပေသည် ... မွတ်စ်လင်မ်သုတေသီတစ်ဦးဖြစ်သူ မိုဟမ္မဒ်အီစာဒါဝူးဒ်မစ်ဆ်ွရီက ဘာမြူဒါတြိဂံဇုန်နှင့် ပန်းကန်ပြားပျံတို့အကြောင်းကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာခဲ့သည် ... ထိုပြဿနာကို ဟဒီးစ်တော်များ၏အလင်းရောင်အောက်တွင် ရှင်းလင်းတင်ပြရန်ကြိုးစားခဲ့သည် ... ကျွန်ုပ်အနေဖြင့် ဤအကြောင်းအရာများကို ရေးသားနေခြင်းသည် ပမာအားဖြင့် ဆိုင်ရှင်တစ်ဦးက ဝယ်သူကို မိမိပစ္စည်းအား ညွှန်းနေသကဲ့သို့ဖြစ်သည် ... ကျွန်ုပ်၏ရောင်းကုန်ပစ္စည်းမှာ အွမ္မသ်၏သောကသာ ဖြစ်ပေသည် ... ထိုသောကကို မွတ်စ်လင်မ်ညီနောင်တို့အား ကျွန်ုပ်ဉာဏ်မီသလောက် တင်ပြလိုက်ရခြင်းဖြစ်ပေသည် ... ။
ပညာတတ်အသိုင်းအဝိုင်းမှပုဂ္ဂိုလ်များ အုပ်စုလိုက်အုပ်စုလိုက် အတွေးအခေါ်လမ်းမှားမှုထဲသို့ တိုးဝင်လျက်ရှိသည်ကိုမြင်ရသောအခါ ကျွန်ုပ်၏သောကမှာ ပို၍ ကြီးထွားလာရပေသည် ... ၎င်းတို့အနေဖြင့် လက်ရှိအခြေအနေများကို ကုရ်အာန်ကျမ်းတော်မြတ်၏အမြင်ဖြင့်လည်း မကြည့်ရှု ၊ ဟဒီးစ်တော်များ၏အလင်းရောင်အောက်တွင်လည်း နားလည်အောင် မကြိုးစားကြပေ ... ၎င်းတို့၏အတွေးအခေါ်အယူအဆများ ၊ အနာဂတ်အတွက် စီမံကိန်းတို့သည် တစ်ခါတစ်ရံ ရယ်စရာကောင်းသလို ၊ တခါတရံ ဝမ်းနည်းစရာလည်း ကောင်းလှပေသည် ... အမှားနှင့်အမှန်ယှဉ်ပြိုင်မှုတွင် ၎င်းတို့သည် ဒဂ်ျဂျာလ်၏စစ်တပ်ကို ကူညီနေကြသူများ ဖြစ်နေကြပေသည် ... အေ့မာမ်မဟ်ဒီနှင့် မိုဂျာဟစ်ဒ်များအတွက် စိတ်ပျက်ဖွယ်ရာအကြောင်းခံဖြစ်နေပေသည် ... ။
ဤကျမ်းကိုအခန်း (၂) ခုခွဲထားသည် ... ပထမအခန်းတွင် အပိုင်း (၃) ပိုင်း ပါဝင်သည် ... (၁) မကောင်းဆိုးဝါးပင်လယ် ... (၂) ဘာမြူဒါတြိဂံဇုန် နှင့် (၃) ပန်းကန်ပြားပျံတို့ဖြစ်သည် ... ဒုတိယအခန်းတွင် ဖစ်သ်နဟ်များနှင့်ပတ်သက်သော ဟဒီးစ်တော်များကိုတင်ပြထားသည် ... ။
ပါဝင်သောအကြောင်းအရာများနှင့်ပတ်သက်ပြီး ဒဂ်ျဂျာလ်သည် ဘာမြူဒါတြိဂံဇုန်တွင်ရှိသလော ၊ သို့မဟုတ် မကောင်းဆိုးဝါးပင်လယ်တွင်ရှိသလော ... ပန်းကန်ပြားပျံကို၎င်းကပင် ပိုင်ဆိုင်သလော ၊ သို့မဟုတ် အခြားတစ်ယောက်က ပိုင်ဆိုင်သလော ... ထိုအချက်များနှင့်ပတ်သက်ပြီး ကျွန်ုပ်အနေဖြင့် စူးစမ်းလေ့လာသူတို့၏ အယူအဆအမျိုးမျိုးကို တင်ပြထားခြင်းသာဖြစ်ပေသည် ... အဘယ်ကြောင့်ဆိုသော် ဒဂ်ျဂျာလ်နှင့်ပတ်သက်၍ ယတိပြတ်အမှန်တရားကို အလ္လာဟ်အသျှင်မြတ်သာလျှင် သိတော်မူသည် ... ဖော်ပြထားသော အယူအဆသဘောထား အမြင်တစ်မျိုးမျိုးကို လက်ခံရမည်ဟု မဆိုလိုပေ ... အကယ်၍ အယူအဆတစ်မျိုးမျိုးကို ထောက်ခံထားသော ဟဒီးစ်တော်တစ်ပုဒ်ပုဒ်ရှိပါက ၎င်းကိုတင်ပြထားပါသည် ... ပန်းကန်ပြားပျံများနှင့်ပတ်သက်၍လည်း ဤအတိုင်းသာလျှင်ဖြစ်ပေသည် ... အကယ်၍ အယူအဆတစ်မျိုးမျိုးနှင့်ကိုက်ညီသော ကုရ်အာန်အာယသ် ၊ သို့မဟုတ် ဟဒီးစ်တော်ရှိနေပါက ထိုအယူအဆသည် ဦးစားပေးထိုက်ပေသည် ကျွန်ုပ်၏ရည်ရွယ်ချက်မှာ စိုးရိမ်စရာကောင်းသောအချက်ကို သတိပေးရန်ဖြစ်ပေသည် ... ထိုအချက်သည် အသင်တို့၏အိမ်တံခါးပေါက်များသို့ရောက်ရှိလာကာ တံခါးခေါက်လျက် အမှားနှင့်အမှန်ယှဉ်ပြိုင်စစ်ပွဲတွင် အသင် မည်သည့်ဘက်မှ ပါဝင်တိုက်ခိုက်မည်နည်းဟု မေးနေသယောင် ဖြစ်နေပေသည် ... ။
ဒဂ်ျဂျာလ်သည် ပန်းကန်ပြားပျံစီး၍လာမည်လော ၊ သို့မဟုတ် မြည်းစီး၍လာမည်လော ... ၎င်းသည် မကောင်းဆိုးဝါးပင်လယ်တွင်ရှိလေသလော ၊ အဆ်ွဖဟာန်တွင်ရှိလေသလော ... ၎င်းနှင့်တွေ့ဆုံခဲ့သူသည် ဒစ်ချေနီပင်လော သို့မဟုတ် အခြားတစ်ဦးလော ... ၎င်းတို့နှင့်ပတ်သက်၍ မည်သည်ကိုလက်ခံရမည်ဟူ၍ ကျွန်ုပ်မတိုက်တွန်းပါ ... ။
သို့သော်လည်း ထိုအချက်တို့သည် အမှန်တရားများသာဖြစ်ပြီး ၎င်းအား ကျွန်ုပ်တို့၏ ရစူလ်ကိုယ်တော်မြတ်က ဒဂ်ျဂျာလ်နှင့်ပတ်သက်ပြီး ၊ ၎င်း၏အင်အားနှင့်ပတ်သက်ပြီး မိန့်မြွက်ခဲ့ပေသည် ... ၎င်းမှရှောင်ကြဉ်ရန် ၊ ၎င်းအားဖီဆန်ရန် ၊ ၎င်းအား သေသိမ်အောင်ပြုရန်မှာ မွတ်စ်လင်မ်တို့အတွက် ဖရဇ်တာဝန်ဖြစ်ပေသည် ... ထိုဖရဇ်တာဝန်ကို သတိရစေရန်အတွက် ကျွန်ုပ်တတ်နိုင်သလောက် စာဖတ်သူတို့ရှေ့မှောက် တင်ဆက်လိုက်ပါသည် ... အေ့မာမ်မဟ်ဒီနှင့် ဒဂ်ျဂျာလ်နှင့်ပတ်သက်၍ လာရှိသောဟဒီးစ်တော်များကို လေ့လာကြည့်ပါက ကျွန်ုပ်တို့လက်ရှိဖြတ်သန်းနေသော အချိန်ကာလသည် အလွန်အရေးကြီးလှပေသည် ... ။
ဤကျမ်းကို မိမိကိုယ်တိုင်ဖတ်ရှုပြီး အခြားသူများကိုလည်း တင်ပြပါလေ ... အိမ်များတွင်လည်း အမျိုးသမီးများနှင့် ကလေးငယ်များကို ဒဂ်ျဂျာလ်၏ "ဖစ်သ်နဟ်" (ပြဿနာအရှုပ်အထွေး ၊ အီမာန်ဖျက်လုပ်ရပ်များ) အကြောင်း တင်ပြပါလေ ... ။
ကျွန်ုပ်တို့အနေဖြင့် ဖစ်သ်နဟ်များမှလွန်မြောက်ရန် ကြိုတင်ပြင်ဆင်မှုများကို အရေးတကြီးမပြုလုပ်ပါက မိမိတို့အီမာန်ကို ကယ်တင်ရန်ပင်ခက်ခဲသွားပေလိမ့်မည် ... ။
အလ္လာဟ်အသျှင်မြတ်သည် ဤကျမ်းကိုလက်ခံတော်မူပြီး "ဖစ်သ်နဟ်" များမှ လွတ်မြောက်မည့်လမ်းများကို အွမ္မသ်တစ်ခုလုံးအပေါ် လွယ်ကူစေတော်မူပါ ... အာမီးန် ... ။
မော်လာနာအာဆွင်းမ်အိုမရ်
(အွရ်ဒူဘာသာဖြင့် ကျမ်းပြုစုသူ)
*အပိုင်း (၂) ကိုဆက်လက်ဖတ်ရှုရန် စောင့်မျှော်ကြပါကုန်*
(Ref ; သျှား ဝဏ္ဏ)
No comments:
Post a Comment