Sunday, June 19, 2016

ကမ္ဘာဖျက်​မိစ္ဆာဒဂ်ျ​ဂျာလ်​ ၊ ဘာမြူဒါတြိဂံ နှင့်​ မ​ကောင်းဆိုးဝါးပင်​လယ်​ - အပိုင်း (၂)

" ကမ္ဘာဖျက်မိစ္ဆာဒဂ်ျဂျာလ် ၊ ဘာမြူဒါတြိဂံနှင့် မကောင်းဆိုးဝါးပင်လယ် - အပိုင်း (၂) "

                        စီစဉ်သူ၏အမှာစာ
                        ============

               ဗစ္စမစ်လ္လာဟစ်ရ်ရဟ်မာနစ်ရ်ရဟီးမ်
       
        နဟ်မဒို့ဟူဝနို့ဆွလ္လီအလာရစူလေ့ဟစ်လ်ကရီးမ်

ပြောင်းလဲဖြစ်ပျက်နေသော လက်ရှိအနေအထားများကို ကြည့်ရှုပါက ကေ့ယာမသ်နေ့မှာ နီးသည်ထက်နီးကပ်လာပြီဖြစ်ကြောင်း တွေ့ရပါသည် ... ဥပမာ -
၁။  အရှက်မရှိတော့ခြင်း။ အမျိုးသားများနှင့် အမျိုးသမီးတို့၏ ဝတ်စားဆင်ယဉ်ပုံမှာ မည်သို့ဖြစ်ပျက်နေကြောင်း လက်တွေ့ပင်ဖြစ်၏ ... ။

၂။  မိဘအမိန့် ဖီဆန်ခြင်း။ သားသမီးများသည် မိဘ၏စကားကို မနာခံကြတော့ပါ ... မိဘကို ရိုသေလေးစားစွာ ပြောဆိုဆက်ဆံကြခြင်းမရှိတော့ပါ ... ။

၃။  ကျွန်ုပ်တို့၏နမားဇ် ၊ ရိုဇဟ် စသည့် အမလ်အေဗာဒသ်များကို လုပ်ဆောင်ခြင်းကိုသာ ရှရီအသ်ဟုမှတ်ယူနေကြသည် ... အမှန်စင်စစ် ရှရီအသ်ဆိုသည်မှာ နမားဇ် ၊ ရိုဇဟ် စသည့်အမလ်အေဗာဒသ်များသာပါဝင်သည့် ဤမျှ ကျဉ်းကျဉ်းလေးမဟုတ်ပါ ... မွတ်စ်လင်မ်ဖြစ်စေ ၊ ကာဖစ်ရ်ဖြစ်စေ လူ့ကိုယ်ခန္ဓာတွင်ရှိသော ဝိညာဉ်က လူသားကို အပေါ်သို့ဆွဲခေါ်မည်ဖြစ်ပြီး ကိုယ်ခန္ဓာက အောက်သို့ဆွဲချမည်ဖြစ်သည် ... မွတ်စ်လင်မ်၏ ဝိညာဉ်မှာ 'အိလ်လိယီးန်' အပေါ်တွင်ရှိမည်ဖြစ်ပြီး ကာဖစ်ရ်၏ ဝိညာဉ်မှာ 'စိဂ်ျဂျိယီးန်' အောက်ဆုံးတွင်ရှိမည်ဖြစ်သည် ... သို့ရှိရာ ရှရီအသ်တရားတော်၏ အမိန့်ပညတ်ချက်တိုင်း ၊ အချက်အလက်တိုင်းကို လိုက်နာကျင့်သုံးပါမှ ဆွဲအားနှစ်ခု မျှတသွားပါမည် ... ။

ယခုအခါ ကျွန်ုပ်တို့၌ ကေ့ယာမသ်နှင့်ပတ်သက်သည့် နိမိတ်လက္ခဏာများ ၊ အဆိုးရွားဆုံးလက္ခဏာဖြစ်သည့် ဒဂ်ျဂျာလ်နှင့်ပတ်သက်သော အကြောင်းအရာများကို အလေးထား ဂရုစိုက်မှု အလွန်အားနည်းနေကြပါသည် ... ထို့ကြောင့် ဟဒီးစ်တော်များတွင်လာရှိသည့် ကေ့ယာမသ်နှင့်ပတ်သက်သော နိမိတ်လက္ခဏာများကို စုဆောင်း တင်ပြလိုက်ပါသည် ... ။

မိုဟမ္မဒ်ယူစွတ်ဖ် အတ်စ်အဒီ

Credit to ; သျှားဝဏ္ဏ


No comments:

Post a Comment